Gaming

BTOOOM!

btooom!

Btooom! ဇာတ်လမ်းတွဲဟာ 2009 ကစတင်ပြီး Manga Series ထွက်ရှိခဲ့တဲ့ စာရေးဆရာ Junya Inoueရဲ့ Btoom! Mangaကို ဇာတ်လမ်းယူ ရေးဆွဲထားတဲ့ Animation Seriesသစ်ဖြစ်ပြီး Manga Series အနေနှင့် ဆက်လက် ထွက်ရှိ နေဆဲ ဖြစ်ပေမယ့် Animation Series ကိုတော့ အပိုင်း ၁၂မှာ အဆုံးသတ် ထားပါတယ်။ Actionနှင့် Thriller အမျိုးအစားဖြစ်ပြီး Japan နိုင်ငံရဲ့ အတော်ဆုံး ဂိမ်မာတစ်ယောက်ဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် Ryota Sakamotoအနေဖြင့် Btooom! အမည်ရ လူသား တစ်ယောက်နှင့်တစ်ယောက် BIMsလို့ခေါ်တဲ့ ဗုံးမျိုးစုံ အသုံးပြုပြီး အချင်းချင်း သတ်ဖြတ်ရတဲ့ ကစားပွဲမှာ ဝင်ရောက် ကစားရသူအဖြစ် ပါဝင် ထားပါတယ်။ အဓိက ထူးခြားချက် ကတော့ Sakamoto အနေနှင့် သူ့နည်းတူ အလိုမပါဘဲ ဖမ်းဆီးခံရသူများ အကြား လူသူမရှိတဲ့ ကျွန်းပေါ်၌ ဝင်ရောက် ကစားနေရတဲ့ Btooom! ကစားပွဲဟာ အပြင်မှာ ဗုံးမှန်ရင် အမှန်တကယ် သေမှာကလွဲလို့ သူ Onlineမှာ ကစားခဲ့တဲ့ Btooom! ဂိမ်းနှင့် ပုံစံ ချွတ်စွပ်တူနေခြင်းပဲ ဖြစ်ပါတယ်။

အနာဂတ်မှာ နာမည်အကြီးဆုံး Online ဂိမ်းတစ်ခုဖြစ်တဲ့ Btooom!ဟာ သေနတ်များ မပါဝင်ဘဲ လက်ပစ်ဗုံး၊ အဆိပ်ဗုံး၊ မိုင်းဗုံးအစရှိတဲ့ ဖောက်ခွဲရေး လက်နက်များကိုသာ ရွေးချယ် အသုံးပြုပြီးတော့ နည်းဗျုဟာပိုင်းနှင့် လှုပ်ရှားမှုပိုင်းတွေ အသားပေးထားတဲ့ Online ဂိမ်းအမျိုးအစားဖြစ်ပြီး Sakamoto ကတော့ Japan နိုင်ငံရဲ့ အဆင့် ၁ Btooom! ကစားသူဖြစ်သလို World Rankingကတော့ အဆင့် ၁၀ ရှိသူ ဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၂၂ နှစ်အရွယ်အထိ အလုပ်မလုပ်၊ ပညာ ဆက်လက် သင်ယူမှု မရှိတော့တဲ့ NEET (not in Education, Employment, or Training) တစ်ယောက် ဖြစ်နေတဲ့အတွက် အိမ်နှင့် အဆင်မပြေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ Sakamotoဟာ အမည်မသိ အဖွဲ့အစည်းရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပြီး Pacific Ocean ထဲက ကျွန်းတစ်ကျွန်းပေါ်မှာ အခြား လူသားများနှင့် Real Life Btooom! ကစားပွဲတွင်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်။ မူလကတော့ နာမည်ကြီး Btooom! Online ကစားသမားများကို တိုက်ခိုက်ခိုင်းတာ ထင်ရပေမယ့် တကယ်တမ်းကျတော့ မိမိတို့ မုန်းတီးသူ၊ မိမိတို့ နောက်ထပ် မမြင်တွေ့ချင် သူတို့အား စာရင်းပေးရန် ကောက်ယူပြီး၊ အဆိုပါ စာရင်းမှ လူသားများအား ဖမ်းဆီးကာ ကစားပွဲတွင် ဝင်ရောက်ခိုင်းကြောင်း သိရှိလိုက်ရပါတယ်။ Sakamotoနှင့်အတူ ကျောင်းသူ တစ်ယောက်ဖြစ်သူ Himiko၊ Company ဝန်ထမ်းတစ်ယောက် ဖြစ်သူ Kiyoshi Taira တို့က မဟာမိတ် ဖွဲ့ထားပြီး လူသတ်သမား တစ်ယောက်ဖြစ်သူ Kira အပါအဝင် ကျွန်းပေါ်တွင် ပိတ်မိနေသူများ အခြား Btooom! Playerများနှင့် တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။

Btooom! ဇာတ်လမ်းဟာ အရင် ထွက်ရှိပြီးဖြစ်တဲ့ Battle Royale၊ Sword Art Online (SAO)နှင့် Hack Series တို့နှင့် ဇာတ်လမ်းကျောရိုး အနည်းငယ် ဆင်တူနေပေမည့် တိုက်ခိုက်နည်းများ ကွဲပြားသလို အခြား Video Gameနှင့် ဆက်စပ်တဲ့ ဇာတ်လမ်းတွဲတွေထက် ပိုပြီး ကြမ်းတမ်းတာ တွေ့ရပါတယ်။ Sakamotoအနေနှင့် Btooom! Onlineမှာ အလွန်တော်တဲ့အတွက် ဂိမ်းနှင့် ပတ်သက်သည့် အခြေခံအချက်များကို နားလည်ထားပေမယ့် Btooom! Onlineဟာ SAOလို Virtual Reality Game မဟုတ်ဘဲ Controllerနှင့် ကစားရတဲ့ ဂိမ်းတစ်ခုဖြစ်တဲ့အတွက် Call of Duty ဂိမ်းကစားတာ တော်ရုံနှင့် အပြင်မှာ စစ်သားကောင်း မဖြစ်နိုင်သလိုဘဲ Btooom! Online ဂိမ်းထဲမှာ တော်ရင်းနှင့် အပြင်မှာ ကျွမ်းကျင်တယ် သိပ်သဘာဝ မကျသလို ခံစားရပါတယ်။ Animationနှင့် Sound Qualityပိုင်း ကောင်းမွန်ပြီး အပိုင်း ၁မှ ဇာတ်သိမ်း ၁၂အထိ ဇာတ်ကောင်တွေရဲ့ နောက်ကြောင်းနှင့် Btooom! တိုက်ပွဲများကို လုံးဝ မအီသွားဘဲ သွက်သွက် လက်လက် တင်ဆက်သွားပြီး ပရိသတ်များကို ဆွဲဆောင်နိုင်တာ တွေ့ရပါတယ်။ Btooom!ရဲ့ Ending Songဖြစ်တဲ့ Aozoraကိုတော့ နာမည်ကျော် အဆိုတော် May’n က သီဆို ပေးထားပါတယ်။ Video Gameနှင့် Action ဇာတ်လမ်း ပရိသတ်များ အကြိုက်တွေ့မှာ ဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *