Gaming

Army of Two: The Devil’s Cartel

army-of

တိုက်ပွဲတွေ ပြင်းထန်နေဆဲပါပဲ။ ဒုစရိုက်နှိမ်နှင်းမှု တစ်ခုလို့လဲ ပြောလို့ရပါတယ်။ Maxico နိုင်ငံရဲ့ ြမ်ို့လေးတစ်မြို့မှာ Mafiaတွေ အချင်းချင်း တိုက်ခိုက်နေကြတာပါ။ ဘာအတွက်ကြောင့် အချင်းချင်း တိုက်ခိုက်နေကြတာလဲဆိုရင် မူးယစ်ဆေးဝါးတွေ ရောင်း၀ယ်နေကြတာရယ်၊ နယ်မြေ အပိုင်စား လုနေကြတာပါ။ ဒုစရိုက်သမားတွေ ကြီးစိုးတဲ့ Maxico နိုင်ငံရဲ့ မြို့တစ်မြို့မှာ တိုက်ပွဲတွေ ဖြစ်နေကြတဲ့အချိန် Army of Two ဒုစရိုက်နှိမ်နှင်းတဲ့ အဖွဲ့ရောက်လာကြပါတယ်။ သူတို့ ဘယ်လိုတွေများ နှိမ်နှင်းမလဲဆိုတာ Army of Two: The Devil’s Cartel ထဲမှာ ကြည့်လိုက်ကြရအောင်။ ဂိမ်းရဲ့ဇာတ်လမ်းက ဒုစရိုက်သမားတွေကို နှိမ်နှင်းရတာပါပဲ။ ဒီဂိမ်းကို နာမည်ကြီးဂိမ်း Company တစ်ခုဖြစ်တဲ့ Electronic Artsက စီစဉ် ထုတ်လုပ်ထားတာပါ။ Developer Visceral Gamesတို့လည်း ပါ၀င်ပါတယ်။
လုံး၀ Open-World ဂိမ်းတစ်ခုပါ။ တကယ်ကို လွပ်လပ်စွာ ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်လို့ Open-Worldထက် ပိုနေသေးပါတယ်။

ဘာတစ်ခုမှ တားမြစ်ထားတာမရှိဘဲ စိတ်ကြိုက် ဆော့ကစားနိုင်ပါတယ်။ Game Modeတွေက Singleရော Multiပါရတာကြောင့် တော်တော်လေး မိုက်တဲ့ Third-Person Shooter ဂိမ်းအမျိုးအစားပါ။ ဂိမ်းတစ်ခုလုံးက တိုက်ခိုက်နေတာတွေနဲ့ ပြည့်နေတာဆိုတော့ လုံး၀ကြမ်းတမ်းစွာ ကစားနေရမှာ သေချာပါတယ်။ Frostbite 2.0 engineကို သုံးထားတာဆိုတော့ ရုပ်ထွက်တွေကလည်း Good နေမှာပါ။ Alphaနဲ့ Bravoက ဒီဂိမ်းရဲ့ ဇာတ်လိုက်၊ သူတို့နှစ်ယောက်နေရာမှာ ကစားရမှာပါ။ တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန် ကစားသူကလည်း ဦးဆောင်တိုက်ခိုက်မယ်၊ ကိုယ့်ရဲ့အဖွဲ့သားတွေကလည်း ပါနေဦးမှာဆိုတော့ ရန်သူတွေ နှိမ်နှင်းနိုင်မှာပါ။
ဒီလို ဂိမ်းတွေက ဇာတ်လမ်းတွေ ဆင်တူတဲ့ ဂိမ်းတွေရှိပေမယ့် ဂိမ်းရဲ့အရသာကတော့ ဘယ်လိုမှ တူနိုင်မှာ မဟုတ်ပါဘူး။

Maxico နိုင်ငံ မြို့တစ်မြို့ရဲ့ နောက်ခံပုံရိပ်တွေနဲ့ ဆော့ကစားရမယ့် Army of Two: The Devil’s Cartelက Mafiaတွေ ကြားထဲရောက်သွားသလို ခံစားရပြီး တိုက်ခိုက်မှု အရသာတွေကိုပါ ခံစားရနိုင်ပါတယ်။ March 26, 2013ရက်နေ့မှာ ထွက်မှာပါ။ ဒါကြောင့် Maxicoနိုင်ငံရဲ့ Mafiaတွေကို ဘယ်လို နှိမ်နှင်းမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားရင် March 26, 2013ရက်နေ့မှာ Third-Person Shooter ဂိမ်းကောင်းတစ်ခု ထွက်တော့မယ်လို့ ကြိုပြောထားချင်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *