News

Web Interface ကိုအသစ်ပြောင်းလဲထားတဲ့ Dropbox Data Sharing Website

Web Interface ကိုအသစ်ပြောင်းလဲထားတဲ့ Dropbox Data Sharing Website

လှပဆန်းသစ်သော ဒီဇိုင်းများနှင့် Feature အသစ်များကို လွယ်ကူစွာအသုံးပြုနိုင်သည့် ဝန်ဆောင်မှုအသစ်များကို ထည့်သွင်း ထားပြီဖြစ်သည်ဟု Dropbox Company ၏တာဝန်ရှိသူများပြောကြားထားသည်။ Dropbox Website တွင်ဝင်ရောက် အသုံးပြုနေသော user များအတွက် Data များ လျင်မြန်စွာမျှဝေနိုင်ရန်အတွက် sharing button အသစ်ကိုလည်း ထည့်သွင်း ပေးထားပြီး ထို button နှင့်အတူ Dropbox ကို အသုံးပြုသူများဟာ မိမိတို့စိတ်ကြိုက် Files များနှင့် Folders များကို အခြားလူများအား ထည့်သွင်းမျှဝေပေးနိုင်သည့်အပြင် မိမိတို့ Dropbox application ၏ account နှင့် Website ရှိ account အားချိတ်ဆက် synchronize လုပ်ပေးပြီး ကြည့်ရှုနိုင်သည့် featureအသစ်အပြင် မိမိ share ပေးလိုက်သော file (သို့) folder များအားကို မိမိစိတ်တိုင်းကျ ဖတ်ရှုနိုင်ရုံသပ်သပ်သာ ရွေးချယ်ပေးနိုင်သည့် “Send Link ” feature အသစ်ကိုပါ ထည့်သွင်း ပေးထားသည်ဟု ထုတ်ပြန်ပြောကြားထားပါသည်။

မိမိ account အတွင်းရှိ file (သို့) folder list ၏ညာဘက်အခြမ်းတွင် ပေါ်လာမည့် မိမိတို့စိတ်ကြိုက် file များကို ပြန်လည် မျှဝေရန် “Share” Button ကို နှိပ်ပြီးတဲ့နောက်မှာတော့ မိမိတို့စိတ်ကြိုက် အခြားသူများကို ဖိတ်ခေါ်ခွင့်ရှိပြီးထို file များအား ကြည့်ရှုခွင့်၊ နောက်ထပ်ထပ်ပေါင်းထည့်ခွင့်၊ ပြုပြင်ခွင့်နှင့် ဖျက်ခွင့်ဆိုပြီး သတ်မှတ်ရွေးချယ်နိုင်ပါတယ်။တကယ်လို့ သင့်ရဲ့ Dropbox အတွင်းမှ file (သို့) folder တစ်ခုခုကို အခြားdropbox အသုံးပြုသူတစ်ယောက်ထံသို့ ပို့ရန် “send link ” button ကိုနိပ်ပြီး ထိုသူအားကြည့်ရှုစေရန်လည်း ခွင့်ပြုနိုင်ခြင်းအပြင် Dropbox မရှိသူများအတွက်လည်း Email account ကိုထည့်သွင်း၍ dropboxအတွင်းရှိ file များ folder များကို share နိုင်ပါတယ်။ ကြည့်ရှုသူတွေဟာ သူတို့ဘာတစ်စုံတစ်ခုမှ ပြောင်းခွင့်မရှိပေမဲ့ မိမိအားပို့လိုက်တဲ့ file ကို preview အနေနဲ့ ကြိုတင်ကြည့်ရှုခွင့် ရရှိအုံးမှာလည်း ဖြစ်ပါတယ်။

အရင်ကပါဝင်ပြီးသားဖြစ်တဲ့ sharing feature ဟာ Webpage ရဲ့ ဘယ်ဖက်အခြမ်းတွင် သက်တန့်ပုံ (icon ) နှင့် ထပ်မံထည့်သွင်း ပေးထားပါသေးတယ်။ ဒါ့အပြင်မိမိ၏ Upload List အတွင်းရှိ မိမိမျှဝေလိုသော file ကိုလည်း Right Click နှိပ်ပြီး option ရွေးချယ်ကာ မျှဝေနိုင်သည့် Feature များကို လည်းထည့်သွင်းပေးထားပါတယ်။ ဒီအချက်တွေကတော့ Dropbox ၏ အသစ်ပြောင်းလဲလိုက်သည့် ဝန်ဆောင်မှုများပဲဖြစ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *