Mobile

Apple MacBook Air 11”

Appleရဲ့ နောက်ဆုံးထုတ် MacBook ဖြစ်တဲ့ MacBook Air ဟာ အရွယ်အစား နှစ်မျိုးနဲ့ ဈေးကွက် ၀င်ရောက် လာတာ တွေ့နိုင်ပါတယ်။ အဆိုပါ အရွယ်အစားတွေကတော့ ၁၁ လက်မနဲ့ ၁၃ လက်မ အရွယ်တွေ ဖြစ်ပြီးတော့ အထူးသဖြင့် ၁၁ လက်မ မော်ဒယ်က ဈေးနှုန်းသက်သာသလို စွမ်းအင်သုံးစွဲမှုလည်း နည်းပါးတာ တွေ့ရပါတယ်။

အားသာချက်
MacBook Air 11”ရဲ့ စွမ်းအားမြင့် Batteryက မထင်မှတ် ရလောက်အောင် ကောင်းမွန်နေတာ တွေ့ရပါတယ်။ စနစ် တစ်ခုလုံးရဲ့ စွမ်းအင် သုံးစွဲမှု နည်းပါးသလို Batteryရဲ့ စွမ်းအင် သိုလှောင်နိုင်မှုနဲ့ ပြန်လည် ထုတ်ပေးနိုင်မှုတွေ ညီမျှ ကောင်းမွန်တာကြောင့် Appleရဲ့ မိတ်ဆက်စဉ်က ကြေညာထားသလို ၁၀ နာရီ ကျော် အသုံးခံနိုင်မယ် ဆိုတာထက်တောင်မှ လက်ရှိမှာ ၁၃ နာရီအထိ သုံးစွဲနိုင်နေတာကြောင့် သူ့ရဲ့ စွမ်းအင် အသုံးချမှုက iPadလောက်သာ ကုန်ကျတာတွေ့ရပါတယ်။ နောက်ပြီး SSDအပိုင်းမှာလည်း 128 GB ပါရှိတာနဲ့ သုံးစွဲ သယ်ဆောင်ရ လွယ်ကူတာတွေက အားသာချက်တွေပါ။

အားနည်းချက်
အရင်နှစ်က ထွက်ရှိခဲ့တဲ့ Airလောက် CPUရဲ့ Boost Performanceက သိပ်မကောင်းလှတာ တစ်ချက် တွေ့ရပါတယ်။ နောက်ပြီး SD Cardအတွက် နေရာ မပါ၀င်တာနဲ့ အရွယ်အစားပိုင်း အနည်းငယ် သေးတာတွေက အားနည်းချက်လို့ ပြောနိုင်မယ့် အရာတွေပါ။

CPU
အသုံး ပြုထားတဲ့့ CPUရဲ့ အမျိုးအစားက Intelဖြစ်ပြီးတော့ Core i5-4250U ဖြစ်ပါတယ်။ အမြန်နှုန်းကတော့ 1.3 GHzရှိတယ်။ နောက်ပြီး 4 GB DDR3ပါရှိမှာ ဖြစ်သလို Graphicsအပိုင်းမှာ Intelရဲ့ HD Graphics 5000ကို အသုံးပြုထားတာကြောင့် Gamer တွေ တကယ်ကို သဘောကျ နှစ်ခြိုက်မယ့် MacBookတစ်လုံး ဖြစ်မှာပါ။ အသုံးပြုနိုင်မယ့် OSစနစ်ကတော့ OSX Mountain Lion 10.8.4ဖြစ်ပါတယ်။

Display and Audio
ပြသပေးနိုင်မယ့် Screen အရွယ်အစားက ၁၁.၆ လက်မ ဖြစ်ပြီးတော့ Pixelတွေရဲ့ သိပ်သည်းဆနှုန်းက 1,766×768 ဖြစ်တာကြောင့် Displayအပိုင်းမှာ ပြောစရာ မလိုအောင် ကောင်းမွန်မှာ ဖြစ်ပါတယ်။ နောက်ပြီး သူ့ရဲ့ Resolutionနှုန်းက အနည်းဆုံး ၁၇၀ ဒီဂရီလောက်ကနေတောင်မှ Viewing Angleကို အကောင်းဆုံး ဖြစ်နေစေမှာပါ။ သူ့ရဲ့ Aspect Ratioက 16:9ဖြစ်တာကြောင့် အကောင်းဆုံးပါပဲ။ Audioပိုင်း အတွက် Stereo Speakerကို ထည့်သွင်းတည်ဆောက်ထားတာ တွေ့ရပြီး Headphoneအတွက်လည်း Jackပါ၀င် ဦးမှာပါ။

Body
ကိုယ်ထည် ပိုင်းမှာ Aluminiumကို အလေးပေး တည်ဆောက်ထားတာကြောင့် အကြမ်းခံနိုင်မှု အပိုင်းမှာတော့ သူများတွေထက် သာလွန်ကောင်းမွန်မှာ သေချာပါတယ်။ ဒါပေမယ့် အကြမ်းခံနိုင်အောင် တည်ဆောက်ထားတာမို့ အလေးချိန်က ၂.၃ ပေါင်တော့ ရှိမှာပါ။ ကို်ယ်ထည်ပိုင်း အရွယ်အစားက အကျယ် ၁၁.၈ လက်မ၊ အလျား ၇.၅၆ လက်မနဲ့ အထူကတော့ ၀.၁၁ လက်မပဲ ရှိမှာ ဖြစ်ပါတယ်။

Connection
ချိတ်ဆက်နိုင်မှု အပိုင်းမှာ Display Portတစ်ခု ပါ၀င်မှာဖြစ်သလို နောက်ထပ် ထူးခြားချက် တစ်ခုက မြန်နှုန်းမြင့် Thunderbolt ထည့်သွင်းတပ်ဆင်ထားတာကြောင့် အခြားသော Laptopတွေထက် သာလွန်ကောင်းမွန်ပါတယ်။ အကြောင်းကတော့ Thunderboltက တစ်စက္ကန့်ကို Data Transferနှုန်း 10GBကနေ 20GBအကြား အမြန်နှုန်းနဲ့ လုပ်ဆောင်ပေးနိုင်မှာကြောင့် ဖြစ်ပါတယ်။ နောက်ပြီး USB 3.0 Portနှစ်ခုလည်း ပါ၀င်ဦးမှာ ဖြစ်သလို Wi-Fiအတွက် 802.11 acကို အသုံးပြုထားတာကြောင့် တကယ်ကို ကောင်းမွန်တဲ့ Macတစ်လုံးပါ။ ဒါပေမယ့် အားနည်းချက် တစ်ခုက Optical Driveမပါ၀င်တာပဲ ဖြစ်ပါတယ်။

Other Features and Price
Batteryရဲ့ အမျိုးအစားက Li-ionဖြစ်ပြီးတော့ သိုလှောင်နိုင်စွမ်း ပမာဏက 38 Wattဖြစ်ပါတယ်။ MacBook Airရဲ့ ဈေးနှုန်းကတော့ ၉၉၉ ဒေါ်လာ ဖြစ်တာကြောင့် အဆင့်မြင့် MacBookတစ်လုံး အတွက် သင့်တော်ကောင်းမွန်တာ တွေ့ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *