Samsung က Note 3 ကို ဈေးသက်သာအောင်ပြုလုပ်ပေးထားတဲ့ Note 3 Neo ကို ဝေဖန်သုံးသပ်ထားတဲ့ဆောင်းပါး ကို ရေးသားပေးပြီးပါပြီ။ Note 3 Neo ရဲ့ ဈေးနှုန်း ဟာ Note 3 ထက်နည်းပါးပေမယ့် Note 2 နဲ့ သိပ်မကွာတာတွေ့ရပါတယ်။ အဲဒီအတွက် Note 3 Neo ကို ၀ယ်ရမလား Note 2 ကို ၀ယ်ရမလား စဉ်းစားရခက်နေသူတွေအတွက် နှိုင်းယှဉ်သုံးသပ်ပေးလိုက်ပါတယ်။ Note 3 Neo နဲ့ Note 2 တို့ဟာ ဈေးနှုန်း သာမက Specification တွေကလည်း တူညီကြပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ ၅.၅ လက်မ HD 720p Display , 2GB RAM, 8MP Camera တို့တပ်ဆင်ထားပါတယ်။
ဒီဇိုင်း
တူညီတဲ့မျက်နှာပြင်တပ်ဆင်ထားပေမယ့် Neo က Note 2 ထက် အနည်းငယ်တို ပြီး အကျယ်ကလည်းအနည်းငယ် ကျဉ်းမြောင်းပါတယ်။ Neo က Note 2 ထက် အနည်းငယ်ပေါ့ပါးပါတယ်။ အဲဒီအတွက် အိတ်ကပ်ထဲထည့်သွားဖို့အတွက် Neo က ပိုမိုသင့်တော်ပါတယ်။ လက်ထဲမှာ ကိုင်တွယ်အသုံးပြုဖို့လည်း Neo က ပိုအဆင်ပြေပါတယ်။ Neo ရဲ့ အနောက်ဘက်အခွံ ကို Note 3 မှာလို သားရေ နဲ့ ဖုံးအုပ်ချုပ်လုပ်ထားသလိုထင်ရအောင် ပြုလုပ်ထားပေမယ့် ပလတ်စတစ် အခွံသာဖြစ်ပါတယ်။ Note 2 မှာတော့ သာမာန် ပလတ်စတစ် အခွံ ကို တပ်ဆင်ထားပါတယ်။ S Pen ကညစ်တံ ကို Note 2 မှာလိုပဲ နေရာတူညီစွာ တပ်ဆင်ထားပါတယ်။
မျက်နှာပြင်
Phablet နှစ်ခုစလုံးမှာ ၅.၅ လက်မ Super AMOLED Display တပ်ဆင်ထားပြီး 720×1280 Pixels Resolution ပါရှိပါတယ်။ တစ်လက်လျှင် Pixel သိပ်သည်းဆ (၂၆၇) ပါရှိပါတယ်။ HD Resolution သာရှိပြီး Full HD Display တွေနဲ့ နှိုင်းယှဉ်ရင် အားနည်းပါတယ်။ ဒါပေမယ့် နေ့စဉ် အသုံးပြုမှုတွေအတွက် လုံလောက်တဲ့ရုပ်ထွက်အရည်အသွေး ကို ရရှိနိုင်ပါတယ်။ S Pen ကို မျက်နှာပြင်မှာ ထိတွေ့အသုံးပြုရတာလည်း အဆင်ပြေကောင်းမွန်ပါတယ်။ Super AMOLED နည်းပညာကြောင့် ရုပ်ထွက်တွေကို ကြည်လင်ပြတ်သားစွာ မြင်ရပါတယ်။
Interface
Phablet နှစ်ခုစလုံးမှာ Android Jelly Bean နဲ့ TouchWiz တို့ကို တွဲဖက်အသုံးပြုထားပါတယ်။ ဒါပေမယ့် Neo ရဲ့ Android Version နဲ့ TouchWiz Version က Note 2 ထက် ပိုမြင့်ပါတယ်။ Neo မှာ Android 4.3 Jelly Bean ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Neo ဟာ မကြာမီမှာ KitKat ကို ရရှိမယ်လို့ မျှော်လင့်ရပါတယ်။ Note 2 မှာတော့ TouchWiz 4.0 နဲ့ Android 4.1 တို့ကိုသာ အသုံးပြုခွင့်ရပါတယ်။
Processor and Memory
Note 3 Neo မှာ 1.7GHz Cortex A15 Core နှစ်လုံး နဲ့ 1.3GHz Cortex A17 Core လေးလုံး (အားလုံးပေါင်း Core ခြောက်လုံး) ပါရှိတဲ့ Hexacore Exynos Chipset တပ်ဆင်ထားပါတယ်။ Neo 3G Version မှာ 1.6GHz Quad-Core Processor တပ်ဆင်ထားပြီး Note 2 နဲ့ အတူတူပဲဖြစ်ပါတယ်။ Hexacore Exynos အမျိုးအစားမှာ ပိုမိုကောင်းမွန်တဲ့ ARM Mali T624 ကိုတပ်ဆင်ထားတဲ့အတွက် Note 2 ရဲ့ Mali 400 ထက်ပိုမိုကောင်းမွန်ပါတယ်။ Hexacore Exynos အမျိုးအစားက Note 2 ထက် စွမ်းဆောင်ရည် ပိုမိုကောင်းမှာဖြစ်ပါတယ်။
Samsung က RAM အပိုင်းမှာ တူညီတဲ့ 2GB ကို Phablet နှစ်မျိုးစလုံးမှာ ထည့်သွင်းပေးထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ 16GB Internal Storage ထည့်သွင်းပေးထားပြီး MicroSD Card Slot ပါရှိပါတယ်။
ကင်မရာ
ဖုန်းနှစ်မျိုးစလုံးမှာ အနောက်ဘက်တွင် 8MP Camera နဲ့ LED Flash တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 1.9MP Camera တပ်ဆင်ထားပါတယ်။ ကင်မရာ အပိုင်းမှာ တူညီကြတာတွေ့ရပါတယ်။ Camera App ရဲ့ Interface အပိုင်းမှာ Neo ကပိုမိုကောင်းမွန်တာတွေ့ရပါတယ်။ ဖုန်းနှစ်မျိုးစလုံး ဟာ 1080p Video အရည်အသွေး ကို တစ်စက္ကန့်လျှင် ဖရိမ် သုံးဆယ်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။
နိဂုံး
Note 3 Neo ဟာ Note 2 နဲ့ ဈေးနှုန်းတူညီပါတယ်။ ဒါပေမယ့် Note 3 Neo ဟာ Note 2 ထက် သာလွန်ကောင်းမွန်တဲ့အချက်တွေကို တွေ့မြင်ရပါတယ်။ မျက်နှာပြင် အရည်အသွေး နဲ့ အရွယ်အစား တူညီပေမယ့် ဆော့ဝဲ အသစ်တွေကို အသုံးပြုထားပါတယ်။ S Pen ကလည်း ပိုမိုကောင်းမွန်လာပါတယ်။ Processor အပိုင်းမှာလည်း Neo က သာလွန်ပါတယ်။ ၀ယ်ယူမယ့် Neo မှာ ဘယ် Processor အသုံးပြုထားလဲဆိုတာကိုတော့ ဂရုပြုမေး၀ယ်သင့်ပါတယ်။ အားလုံးကို ခြုံကြည့်ရင် Note 3 Neo ကိုပဲ အကြိုက်ပိုမိပါတယ်။