News

Micromax ရဲ့Core ၈ လုံး တပ်ဆင်ထားတဲ့ Canvas Knight ကို ရောင်းပြီ

Micromax က သူ့ရဲ့ ပထမဆုံး ဖြစ်တဲ့ Core ၈ လုံး တပ်ဆင်ထားတဲ့ Canvas Knight A350 ကို စတင်ရောင်းချပေးလိုက်ပါတယ်။ အဆိုပါ Canvas Knight မှာ MediaTek 2GHz Tru Octa-Core MT6592T CPU တပ်ဆင်ထားပြီး Multi-Tasking ပြုလုပ်ဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်။ Canvas Knight ရဲ့ Specification တွေကတော့ ၅ လက်မ SHARP full HD Screen တပ်ဆင်ထားပြီး 2GB RAM ပါရှိပါတယ်။ အဓိက ကင်မရာအနေနဲ့ အနောက်ဘက်မှာ 16MP ကင်မရာ တပ်ဆင်ထားပြီး မျက်နှာချင်းဆိုင်တွင် 8MP ကင်မရာ တပ်ဆင်ထားပါတယ်။ 2350 mAh Battery တပ်ဆင်ထားပြီး Internal Storage 32GB ပါရှိပါတယ်။

Canvas Knight ရဲ့ Software ပိုင်းမှာတော့ Android 4.2.2 ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ အနက်ရောင် အပြင် အဖြူရောင်နဲ့ရွှေရောင်ပေါင်းစပ်ထားတဲ့ အရောင် ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အနက်ရောင်နဲ့ ရွှေရောင်ပေါင်းစပ်ထားတဲ့ အရောင် ကိုလည်း ရွေးချယ် ၀ယ်ယူနိုင်ပါတယ်။ Canvas Knight ရဲ့ နောက်ထပ်စွမ်းဆောင်ချက် တစ်ခုကတော့ အသံအရည်အသွေးကို အလွန်ကောင်းမွန်စေတဲ့ Yamaha Music Amplifier တပ်ဆင်ထားပါတယ်။ Canvas Knight ကို အိန်ဒိယ ရူပီး 20,000 ဖြင့် ရောင်းချပေးမှာ ဖြစ်ပြီး အမေရိကန် ဒေါ်လာဖြင့် တွက်ချက်ပါက(323) ကျသင့်မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *