လက်ပတ်စမတ်ဖုန်းများစွာ ထွက်ရှိခဲ့ပြီး ဖြစ်သော်လည်း သူတို့အားလုံးဟာ တူညီမှုတွေများတာ ကို တွေ့ရှိရပါ တယ်၊လက်ပတ်စမတ်ဖုန်းတစ်ခု ၀ယ်ဖို့ စိတ်ကူးရှိတယ်ဆိုရင် Emopulse လက်ပတ်စမတ် ဖုန်းကို တစ်ချက်လောက် လေ့လာစေချင်ပါတယ်၊ စိတ်၀င်စားဖို့အကောင်းဆုံး အချက်တစ်ချက်က တကယ့်လက်ပတ်တစ်ခုလို ၀တ်လို့ရတဲ့ ကမ္ဘာ့ ပထမဦးဆုံး စမတ်ဖုန်းဖြစ်နေခြင်း ဖြစ်ပါတယ်၊ လက်ထောက်တစ်ဦးရဲ့ ဉာဏ်ရည်ရှိတယ်လို့ ညွှန်းထားခြင်းက စမတ်ဖုန်းဟာ သင်ရဲ့ အမြဲပြောင်းလဲနေတဲ့စိတ်ကို သိနေပါတယ်၊ သင်ဟာ စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရတယ်၊ အနားယူချင်နေတယ်ဆိုတာကို သင့်ရဲ့ စမတ်ဖုန်းက သတိပေးမှာ ဖြစ်ပါတယ်၊ ဖုန်းရဲ့ မျက်နှာပြင်မှာ သင့်ရဲ့ ကိုယ်လေးချိန် နှင့်ကျန်းမာရေး အခြေအနေကို ဖော်ပြပေးနေ မှာ ဖြစ်ပါတယ်၊ သင်ဟာ သူငယ်ချင်းတွေနှင့် တစ်ညလုံး အချိန်ကုန် သင့်သလား ၊အနားယူသင့်သလား ဆိုတာကို သင့်ဖုန်းကနေ တိုက်တွန်းချက် တောင်းလို့ရနိုင်ပါတယ်၊ ဒါကြောင့် သင့်ရဲ့လက်ထောက် တစ်ယောက်လို စွမ်းဆောင်ပေးနိုင်မယ်ဆိုတာ ပိုတယ်လို့ မဆိုနိုင်တော့ပါဘူး၊ emopulse အခြားသော စမတ်ဖုန်းတွေနဲ့ မတူညီတဲ့ System တွေပါ၀င်လာပါတယ်၊ အင်တာနက်အသုံးပြုတဲ့နေရာမှာ 4G စနစ်ကို အသုံးပြုထားတဲ့အတွက်ကြောင့် မြန်နှုန်းမြင့် စွမ်းဆောင်နိုင်ပါတယ်၊ အခြားသော device များထက် ပိုမိုမြန်ဆန်စွာ Download ပြုလုပ်နိုင််ပါတယ်၊ Data Transfer ပြုလုပ်ဖို့အတွက် Thunderbolt ကိုအသုံးပြုထားပြီး တစ်စက္ကန့်ကို 10Gb နှုန်း 30 Gb ရှိတဲ့ HD video တွေကိုတောင် Transfer လုပ်ဖို့ စက္ကန့် ၃၀ပဲအချိန် ကြာမြင့်ပါတယ်၊Processor OMAP 5 ကိုထည့်သွင်းထားပြီး ယင်းဟာ မိုဘိုင်းပစ္စည်းတွေအတွက် ပထမဦးဆုံးနည်းပညာဖြစသည့်အပြင် လက်တော့တွေမှာလည်း အသုံးပြုလို့ရတဲ့ Processor တစ်မျိုးဖြစ်ပါတယ်၊ သို့သော်လည်း ယင်းရဲ့ အမြန်နှုန်းနှင့် ပါဝါကုန်ခန်းမှုက အံ့အားသင့်ဖွယ် နိမ့်ကျနေတာကို တွေ့ရပါတယ်၊ အားအပြည့် သုံးနိုင်ဖို့အတွက် အားသွင်းချိန် ၇ရက်လောက် လိုအပ်ပါတယ်၊ Emopulse မှာ ပါ၀င်တဲ့ Graphical Processor က HD player ၃ ခုကို တစ်ပြိုင်နက် ဖွင့်လို့ရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်၊ data တွေရဲ့ လုံခြုံမှုအတွက် အသံစစ်ဆေးမှုစနစ်နဲ့ သိမ်းထားလို့ရပါတယ်၊ လက်ပတ်ကိုပတ်ကြည့်တဲ့အခါ ပိုင်ရှင်ရဲ့ လက်အရွယ်အစားနဲ့ မတူညီရင် အလိုအလျောက် lock ချပေးသွားမှာဖြစ်ပြီး ပိုင်ရှင် အသံဖြင့်သာ lock ဖွင့်နိုင်မယ့် စနစ်ပါ၀င်ပါတယ်၊ သင့်ရဲ့ Bank account, discount card စတဲ့ Wireless Tickets တွေကို လုံခြုံစွာ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။
လက်ထောက်တစ်ဦးလို အားကိုးရမယ့် Emopulse လက်ပတ် စမတ်ဖုန်း

27
Jun
နည်းပညာတွေကတော်တော်လန်းလာတယ်…ထွက်လာသမျှလိုချင်တယ်