News

အမေရိကန် နိုင်ငံတကာ မူးယစ်ဆေးနှင့် ဥပဒေပြုရေးရာ လက်ထောက်အတွင်းရေးမှူး မြန်မာနိုင်ငံသို့ လာမည်

အမေရိကန်နိုင်ငံ နိုင်ငံတကာ မူးယစ်ဆေးနှင့် ဥပဒေပြုရေးရာမှ လက်ထောက်အတွင်းရေမှူး William R. Brownfield သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၂ရက်တွင် ရောက်ရှိပြီး စက်တင်ဘာ ၆ရက်အထိ ငါးရက်တာ လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

လက်ထောက်အတွင်းရေးမှူး William R. Brownfield၏ ငါးရက်တာ ခရီးစဉ်အတွင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ပါတီအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး မြန်မာအစိုးရ၏ မူးယစ်ဆေးဝါး ထိန်းချူပ်တားဆီးရေးဆိုင်ရာနှင့် ပြုပြင်ပြောင်းလဲမှုများကို အလေးထား ဆွေးနွေးမည်ဟု ဆိုသည်။

International Narcotics and Law Enforcement Affairs (INL) အဖွဲ့သည် နိုင်ငံပေါင်း ၈၀ကျော်တွင် အမေရိကန် ဒေါ်လာလေးဘီယံဖြင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် ဆန့်ကျင်ရေးဆိုင်ရာ မှုခင်းများတွင် ဥပဒေရေးရာ တွန်းအားပေးခြင်းနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

William R. Brownfield၏ ခရီးစဉ်အတွင်း စက်တင်ဘာ ၆ရက်တွင် မြန်မာနိုင်ငံ ခရီးစဉ်အတွေ့အကြုံများကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် မီဒီယာများနှင့် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်သွားရန်ရှိကြောင်းလည်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *