News

Acerရဲ့ V5 Seires မြန်မာပြည်မှာ ၀ယ်ယူနိုင်ပြီ

ပေါ့ပါးပြီး စတိုင်ကျလှပကာ နောက်ဆုံးပေါ်ကိုမှ ရှာနေသူတွေအတွက် Acerမှ အောင်မြင်ကျော်ကြားပြီး လူကြိုက်များခဲ့တဲ့ Aspire V5 Seriesအသစ်ကို မိတ်ဆက်ပေးပါရစေ။ Seriesအသစ် ဖြစ်တာနဲ့အညီ ပြောင်းလဲမှုကလည်း ၀ယ်ယူသူကိုကျေနပ်စေမှာပါ။ Intel ရဲ့ Core i5 3337U Processorကို အသုံးပြုထားတဲ့အတွက် lvy Bridge Seriesကိုမှ ကြိုက်နှစ်သက်သူတွေအတွက် အဆင်ပြေစေ ပါတယ်။ Memory 4GBပါ၀င်ပြီး 8GBအထိမြှင့်တင် အသုံးပြုနိုင်ပါသည်။ HDD 500 GB ပါ၀င်မှုကလည်း လုံလောက်တ့ဲ သိမ်းဆည်းမှုပမာဏဖြစ်ကာ Gameဆော့ကစားချင်သူနဲ့ Entertainment ကိုကြည့်ရှု ခံစားချင်သူတွေအတွက် HD အရည်အသွေးမျက်နှာပြင် (1306 x768) နဲ့ Nvidia Geforce GT 740 2G Graphicကို တွဲဖက်ထားတဲ့အတွက် စိတ်ထဲရှိသလိုဆော့ကစား အသုံပြုနိုင်ကာ ကျေနပ်မှုများ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

Wireless 802.11 b/g/n Bluetooth 4.0 ပါ၀င်ကာ ကြိုးမဲ့ချိတ်ဆက်ဖို့အတွက် အဆင်သင့်ဖြစ်စေပါတယ်။ လူကြိုက်များတဲ့ Acer Crystal Eye HD Webcamပါ၀င်လာမှု Device တွေနဲ့ ချိတ်ဆက်ဖို့ အတွက် HDMI port, USD 3.0 port, USD 2.0 portတွေအပြင် AVI နဲ့ LAN အတွက် Combo port တွေပါ၀င်လာမှုက V5- 472G(i5)ကို ပိုမိုတင့်တယ်စေပါတယ်။ Batteryသက်တမ်း ၄ နာရီ ကိုဆက်တိုက် အသုံးပြုနိုင်တဲ့ 4 Cell – Li – polymer Batteryတပ်ဆင်မှုကလည်း အသုံးပြုတဲ့သူတွေကို ယုံကြည်မှုပိုစေပါတယ်။

ခိုင်ခံ့ပြီးစမတ်ကျတဲ့ Bodyအပြင်အဆင်တွေနဲ့ ဆွဲဆောင်မှုကောင်းကောင်း ပိုင်ဆိုင်ထားတဲ့ V5- 472G (i5)ကို ရွေှလမင်းနဂါးကုမ္ပဏီမှတင်သွင်းပြီး ဆိပ်ကမ်းသာလမ်းနှင့် မြန်မာပြည်အနယ်နယ်အရပ်ရပ်ရှိ Computer ဆိုင်များတွင် ဈေးနှုန်း ( 645,400 ကျပ် ) ဖြင့်၀ယ်ယူရရှိနိုင်ပါပြီး။ အာမခံသက်တမ်း (၂) နှစ် ဖြင့်ရရှိမှာဖြစ်သလို အသေးစိတ်သိရှိလိုပါက ဖုန်း-221683, 217233, 280088သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

4 thoughts on “Acerရဲ့ V5 Seires မြန်မာပြည်မှာ ၀ယ်ယူနိုင်ပြီ

  1. Ag Thu says:

    ကြာပေါ့

  2. Kira Kira says:

    ကြာပေါ့

  3. fuckin country
    i ‘m finding that series 7 months ago

Leave a Reply

Your email address will not be published. Required fields are marked *