Laptops, News, Review

Acer ရဲ့ဈေးနှုန်းသင့်တင့်ပြီးသုံးစွဲရအဆင်ပြေစေမယ့် Notebook Model အသစ်

Acer Aspire E1-430

Shwe Lamin Nagarမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Acer ရဲ့ ဈေးနှုန်းသင့်တင့်ပြီး သုံးစွဲရအဆင်ပြေစေမယ့် Notebook Model အသစ်တစ်မျိုးကို ထပ်မံမိတ်ဆက်ပေးပါရစေ။ Acer မှ E1 Series တွေကို ဆက်တိုက်ထုတ်လုပ်ခြင်းရဲ့ ရည်ရွယ်ချက်မှာ ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ Productsကို သုံးစွဲချင်သူများအတွက် ရည်ရွယ်၍ ထုတ်လုပ်ပေးထားခြင်း ဖြစ်ပါသည်။ ယခု E1-430 model ဟာဆိုရင် အရင် E1-431 Model ထက် ပိုမိုဆန်းသစ်သော Design ပုံစံ၊ Performance များဖြင့် ပြောင်းလဲထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ CPU အနေဖြင့်လည်း  Intelရဲ့ 3th Generation Processor Pentium Dual Core 2117U CPU ကိုအသုံးပြုထားပြီး အမြန်နှုန်း Speed အနေနဲ့ 1.8 GHz အထိ ရရှိမှာဖြစ်ပါတယ်။ Memoryကိုလည်း 2GB DDR3 Low Voltage Memory ကိုအသုံးပြုထားပြီး လိုအပ်ပါကလဲ 4GB အထိလဲ ထပ်မံတိုးမြင့် အသုံးပြုနိုင်ပါသည်။

အချက်အလက်များ သိုလှောင်သိမ်းဆည်းရန်အတွက် Hard Disk 500GB ကိုလည်း ထည့်သွင်းပေးထားပါသေးသည်။ Screen Size အနေဖြင့် Acer 14” LED LCD HD Cinecrystal မျက်နှာပြင်ကို အသုံးပြုထားတဲ့အတွက် ကြည်လင်ပြတ်သားသော ရုပ်ပုံအရည်အသွေးများကိုလည်း ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ အင်တာနက် ချိတ်ဆက်မှုအတွက် Acerရဲ့ Nplify 802.11 a/g/n Wifi စနစ်အပြင် USB 3.0, Buletooth 4.0, HDMI, GbLANနှင့် Cardreader တို့ကိုလဲ ထည့်သွင်းပေးထားပါသည်။ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုအနေနဲ့ Acerရဲ့  Acer Crystal Eye HD Webcanကို ထည့်သွင်းပေးထားသည့်အပြင် 4 Cell Li-ion Battery ပါ၀င်မှုကလည်း သင်၏ လုပ်ငန်းဆောင်တာများကို ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးမှာ အသေချာပဲဖြစ်ပါတယ်။ ထို့ကြောင့် Multimedia ပိုင်း၊ Office & Internet ပိုင်းနှင့် Performance ကောင်းကောင်းအပြင် ချိုသာသော ဈေးနှုန်းဖြင့် ရွေးချယ်၀ယ်ယူ သုံးစွဲချင်တယ်ဆိုပါက ရွှေလမင်းနဂါးကုမ္ပဏီမှ တင်သွင်းပြီး အာမခံသက်တမ်း (၂)နှစ်ဖြင့် မြန်မာပြည်အနှံ့ရှိ ကွန်ပျူတာဆိုင်များတွင် ရွေးချယ် ၀ယ်ယူနိုင်ပါသည်။
Price – 410,000 Kyats

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *