Laptops, News, Review

Acer Aspire E1- 470 (i3)

Acer Aspire E1- 470 (i3)

Shwe Lamin Nagarမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Acer အမှတ်တံဆိပ်မှ New Products တစ်ခုအနေနဲ့ E1-470(i3) Notebook အသစ်တစ်မျိုးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Acer ရဲ့ Essential Series ဆိုသည့်အတိုင်း အားလုံးအတွက် မရှိမဖြစ်အနေနဲ့ အသုံးပြုနိုင်အောင် စီစဉ်ကြိုးစားထားပါတယ်ဆိုတာ သိသာစေပါတယ်။ Intel ရဲ့ 3th Generation Processor Core i3-3217Uကို အသုံးပြုထားတဲ့အတွက် Core i3-3110M CPU အသုံးပြုထားတဲ့ အခြား Notebookတွေထက် ဈေးနဲနဲပိုများတာ လက်ခံချင်စရာပဲ ဖြစ်ပါတယ်။ Performanceရော Seriesပါ မြင့်တဲ့အတွက် သေချာရွေး၀ယ်ရမည့် Acerရဲ့ E1-470(i3) Notebook ပဲဖြစ်ပါတယ်။Memory ကိုလည်း အခြား ဘယ်အမှတ်တံဆိပ်မှာမှ အသုံးမပြုနိုင်သေးတဲ့ DDR3 4GB Low Voltage Memoryကို အသုံးပြုထားတဲ့အတွက် အခြား Notebook တွေထက် ပါ၀ါ စားသုံးမှုလျော့နည်းကာ စွမ်းအင်ချွေတာရေးအတွက်  နှာတစ်ဖျားသာစေပါတယ်။ သိုလှောင် သိမ်းဆည်းမှုအတွက် 500GB HDD အသုံးပြုထားပြီး Intel HD Graphics 4000 Seriesရဲ့ စွမ်းအားမြင့် Graphic စွမ်းဆောင်ရည်ကို တပ်ဆင်အသုံးပြုထားသည့်အတွက် ကျေနပ်စေလောက်ပါတယ်။

မျက်နှာပြင်အရွယ်အစား 14” LED LCD Acer Cinecrystal မျက်နှာပြင်ကလဲ အခြားမည်သည့်အမှတ်တံဆိပ်နဲ့မှ မတူတဲ့ ရုပ်ထွက်အရည်အသွေးကို ရရှိစေပါတယ်။ Super Multi Double Layer DVD Drive ပါ၀င်လာသည့်အတွက် ရေးရေး၊ ဖတ်ဖတ် အားလုံးအဆင်ပြေမယ့် ပါရှိမှုပါပဲ။ လှပပြီးစွဲမက်ဖွယ် ငွေရောင်နောက်ခံမှာ လှပတဲ့ ကြယ်စင်စုလေးများနဲ့ မွမ်းမံထားတဲ့ ကိုယ်ပိုင်နည်းညာဖြစ်တဲ့ Crystal Webcamကလဲ ကြည်လင်တဲ့ ပုံရိပ်တွေကို အားလုံးမျှဝေဖို့အတွက် အမြဲအသင့်ဖြစ်စေပါတယ်။ Acer ရဲ့  Nplify 802.11b/g/n ကွန်ယက် ချိတ်ဆက်မှု၊ ကြိုးမဲ့ချိတ်ဆက်မှု Bluetooth 4.0 ပါ၀င်မှု့ အပြင် USB 2.0, USB 3.0, HDMI, VGA, GbLAN, WLAN, Cardreader စသည့် Dervice အစုံအလင်နဲ့ ကျေနပ်မှုတွေကို ခံစားကြည်ချင်တယ် ၀ယ်ယူချင်တယ် ဆိုရင်တော့ ရွှေလမင်းနဂါး ကုမ္ပဏီမှ တင်သွင်းဖြန့်ချီကာ မြန်မာပြည်အနယ်နယ်အရပ်ရပ်ရှိ ကွန်ပျူတာဆိုင်ကြီးမျာတွင် ရွေးချယ်၀ယ်ယူနိုင်ပါပြီဟု အသိပေးပါရစေ။ အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Ph:221683, 217233, 2800088 သို့ ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
ဈေးနှုန်း- 475 USD

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *