How-to

အရသာရှိမယ့် ဟင်းလျာတစ်မျိုး…

မြန်မာအိုင်စီတီပရိတ်သတ်ကြီးအတွက် လွယ်ကူသက်သာပြီး အရသာရှိတဲ့ဟင်းလျာတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အချိန်လည်းအများကြီးမကုန်၊ လူလည်းသက်သာပြီး ချက်ပြုတ်နည်းအဆင့်မများတဲ့ ပြည်ကြီးငါးဟင်းပွဲလေးပါ။

ပြည်ကြီးငါးမဆလာချက်

ပါ၀င်ပစ္စည်းများ
ပြည်ကြီးငါး (၂၅)ကျပ်သား၊ မဆလာ (စားပွဲတင်ဇွန်းတစ်ဇွန်း)၊ ကြက်သွန်ဥ (၁)လုံး၊ ချင်း (လက်တစ်လုံး)၊ ကြက်သွန်ဖြူ (၁)လုံး၊ ကြက်သွန်နီ (၂)လုံး၊ ပျဉ်းတော်စိမ်းရွက် (၁)စီး၊ ကြက်သားမှုန့် (အနည်းငယ်)၊ ဆား (အနည်းငယ်)၊ ဆီ (နှစ်ကျပ်ခွဲသား)၊ နနွင်း (အနည်းငယ်)၊ ငရုတ်သီးမှုန့် (လ်ဘက်ရည်ဇွန်း တစ်ဇွန်း)

ပြုလုပ်ပုံအဆင့်ဆင့်

  1. ပြည်ကြီးငါးကို ရေစင်အောင်ဆေး၍ မွှန်းပါ။ ချင်းကို ထောင်းထားပါ။
  2. ပြည်ကြီးငါး၊ ဆား၊ နနွင်း၊ ကြက်သားမှုန့်ကို ထောင်းထားသော ချင်းနှင့် ရောနယ်၍ (၅)မိနစ်ခန့်ထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထောင်းပါ။
  3. ငရုတ်သီးမှုန့်ကို ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပျဉ်တော်စိမ်းရွက်တို့နှင့် ရော၍ ဆီသပ်ပါ။
  4. အစိမ်းနံ့ပျောက်လျှင် ပြည်ကြီးငါးနှင့် ချင်းထည့်၍ ရေထည့်ပါ။ (၅)မိနစ်ခန့်ကြာလျှင် အသင့်စားသုံးနိုင်ပါပြီ။

Ref: Cook Magazine

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *