Gadgets

နည်းပညာမြင့် မီးဖိုချောင်သုံး Gadgets များ

နည်းပညာ ဟာ မီးဖိုချောင် ထဲထိ ရောက်ရှိလာနေပါပြီ။ ပညာရှင်တွေက အိမ်ရှင်မ တွေကို သက်သာစေပြီး စမတ်ကျစေမယ့် နည်းပညာမြင့် မီးဖိုချောင် သုံး Gadgets တွေကို တီထွင် နေကြပါပြီ။ LG က စမတ်အိမ်သုံးပစ္စည်းများ ကို Consumer Electronics Show မှာ ပြသခဲ့ပါတယ်။ LG ရဲ့ စမတ်အိမ်သုံးပစ္စည်းများ က တစ်ခုနဲ့ တစ်ခု ချိတ်ဆက်အလုပ်လုပ်နိုင်သလို ပိုင်ရှင် က အဝေးတစ်နေရာကနေ စမတ်ဖုန်း နဲ့ ထိန်းချုပ်နိုင်ပါသေးတယ်။ ဒီဆောင်းပါးမှာတော့ နည်းပညာမြင့် မီးဖိုချောင်သုံး Gadget များ ကို ဖော်ပြပေးလိုက်ပါတယ်။

Egg Minder
ကြက်ဥ ကောင်းလား မကောင်းလား သိချင်ရင် Egg Minder ကပြောပြပေးပါလိမ့်မယ်။ အိမ်ရှင် က ဈေး၀ယ်ထွက်နေတုန်း အိမ်မှာကြက်ဥ ဘယ်လောက်ကျန်သေးလဲသိချင်တဲ့အခါမှာ Egg Minder ရဲ့ စမတ်ဖုန်း App ကနေ သိနိုင်ပါတယ်။ ဒေါ်လာ ၄၉.၉၉ တန်ကြေးရှိတဲ့ စမတ်ကြက်ဥ ထည့်ခွက်လေး ဖြစ်ပါတယ်။

1

Prep Pad
Prep Pad က လူတွေရဲ့ စားသောက်မှု ပုံစံ ကို ပြောင်းပေးနိုင်တဲ့ Gadget ဖြစ်ပါတယ်။ အစားအသောက်မှာပါတဲ့ အာဟာရ တွေကို တိုင်းတာတွက်ချက်ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချလိုတဲ့သူတွေ လည်း အသုံးပြုနိုင်ပါတယ်။ iPad App ကနေ အစားအသောက်မှာ ပါ၀င်တဲ့ ကယ်လိုရီ၊ ပရိုတိန်း ၊ အဆီ စတာတွေကို သိနိုင်ပါတယ်။ iPhone App ကို ပြုလုပ်နေပြီလို့ သိရပါတယ်။ ဒေါ်လာ ၁၄၉.၉၅ တန်ကြေးရှိပါတယ်။

2

Belkin Crock-Pot WeMo Slow Cooker
Belkin Crock-Pot WeMo Slow Cooker က စမတ်ဖုန်း နဲ့ ချိတ်ဆက်နိုင်ပါတယ်။ အဝေးကနေ Cooker ကို အဖွင့် ၊အပိတ် လုပ်နိုင်သလို အပူချိန် ကို ချိန်ညှိနိုင်ပါတယ်။ ချက်ပြုတ်တဲ့အချိန် ကို ပြောင်းလဲနိုင်သလို ပိုင်ရှင် ကို အသိပေးနိုင်တဲ့ အသိပေးစနစ် လည်း ပါရှိပါတယ်။ ဒီလို ပြုလုပ်ဖို့ စမတ်ဖုန်း App ကို ပြုလုပ်ပေးထားပါတယ်။ ဒေါ်လာ ၉၉.၉၉ ဖြင့် ဆောင်းရာသီမှာရောင်းချပေးမှာဖြစ်ပါတယ်။

3

GE Brillion
GE Brillion က နံရံကပ် မီးဖို ဖြစ်ပြီး စမတ်ဖုန်း App ကနေ အဖွင့် ၊ အပိတ်လုပ်နိုင်ပါတယ်။ အိမ်အပြန်လမ်းမှာ ဟင်းတွေ နွှေးထားဖို့ ခိုင်းစေနိုင်ပါတယ်။ အပူချိန်ပြောင်းလဲမှု ကို ပြုလုပ်နိုင်ပါတယ်။ ဟင်းချက်ပြီးရင် ပိုင်ရှင် ကို အကြောင်းကြားပေးနိုင်ပါတယ်။ ဈေးနှုန်း ကတော့ အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားပါတယ်။

4

Simplehuman Sensor Can
စမတ်ကျတဲ့ အမှိုက်ပုံး ဖြစ်ပါတယ်။ Sensor ထည့်သွင်းထားပြီး လက်ဝှေ့ ယမ်းလိုက်တာနဲ့ အဖုံး ကိုဖွင့်ပေးမှာ ဖြစ်ပါတယ်။ အဖုံးဖွင့်ရတဲ့ ခြေနင်းခလုတ် တွေ ကို အသုံးပြုစရာမလိုတော့ပါဘူး။ ဒေါ်လာ ၂၀၀ တန်ကြေးရှိပါတယ်။

5

Geneva Sound System Model S Wireless
မီးဖိုချောင် မှာ အစားအသောက်ချက်ပြုတ်ရင်း သီချင်းနားထောင်ရတာ အလွန်ဇိမ်ကျမှာ ဖြစ်ပါတယ်။ Model S Wireless က Bluetooth Speaker ဖြစ်ပါတယ်။ ဒီဇိုင်းက လှပပြီး အသံအရည်အသွေး ကကောင်းမွန်ပါတယ်။ စပီကာ က စမတ်ဖုန်း ၊ တက်ဘလက် ၊ လက်တော့ တို့က သီချင်းတွေကို ဖွင့်ပေးမှာဖြစ်ပါတယ်။ ကျစ်လစ်ပြီး အဆင့်အတန်းမြင့် ဒီဇိုင်း ကြောင့် စွဲမက်စရာ ဖြစ်ပါတယ်။ ဒေါ်လာ ၂၉၉.၉၅ တန်ကြေးရှိပါတယ်။

6

AwoX StriimLIGHT
မီးဖိုချောင်မှာ မီးလုံး နဲ့ စပီကာ တပ်ဆင်ချင်ရင်တော့ AwoX StriimLIGHT ကို အသုံးပြုနိုင်ပါတယ်။ မီးလုံး ပါရှိသလို စပီကာ လည်း ပါရှိပါတယ်။ Bluetooth Speaker ဖြစ်ပြီး စမတ်ဖုန်း ၊ လက်တော့ က သီချင်းတွေ ကို ဖွင့်ပေးနိုင်ပါတယ်။ မီးဖွင့် ၊ မီးပိတ် ဖို့ နဲ့ သီချင်းနားထောင်ဖို့ Remote Control လည်းပါရှိပါတယ်။ ဒေါ်လာ ၉၉ တန်ကြေးရှိပါတယ်။

7

LaunchPort
iPad တွေကို မီးဖိုချောင် မှာ အသုံးပြုနိုင်တဲ့နည်းတွေရှိပါတယ်။ LaunchPort က iPad Stand ဖြစ်ပါတယ်။ မီးဖိုချောင်မှာ iPad ကို အသုံးပြုဖို့ အကောင်းဆုံး Stand တစ်ခုဖြစ်ပြီး နံရံမှာ တပ်ဆင် အသုံးပြုနိုင်ပါသေးတယ်။ LaunchPort က iPad ကို အားသွင်းပေးနိုင်တဲ့အတွက် မီးဖိုချောင်မှာ ရှုပ်ထွေးတဲ့ ကြိုးတွေ တပ်ဆင်ပြီး အားသွင်းစရာမလိုပါဘူး။ LaunchPort က အမျိုးအစားများစွာရှိပြီး ဈေးနှုန်း မတူညီပါဘူး။

8

Sony Xperia Tablet Z : Kitchen Edition
မီးဖိုချောင် ထဲမှာ တက်ဘလက် အသုံးပြုမယ်ဆိုရင်တော့ ရေစိုခံ ဖို့ အရေးကြီးပါတယ်။ Sony က မီးဖိုချောင်မှာ အသုံးပြုဖို့ Xperia Tablet Z ကို ထုတ်လုပ်ပေးထားပါတယ်။ တက်ဘလက် ကို ရေဆေးသန့်စင်လို့တောင် ရပါတယ်။ ရေထဲမှာ မီနစ် သုံးဆယ် နှစ်ထားလို့ရပါတယ်။ ဒေါ်လာ ၅၄၉ တန်ကြေးရှိပါတယ်။

9

Bonus
ဒီ Gadget ကို ထုတ်လုပ်ထားခြင်းမရှိသေးဘဲ သဘောတရား တစ်ခု အနေနဲ့ Consumer Electronics Show မှာ ပြသခဲ့တာဖြစ်ပါတယ်။ Touchscreen ပေါ်မှာ ဟင်းချက်နိုင်သလို ဟင်းချက်နည်းတွေကို ရှာဖွေကြည့်နိုင်ပါတယ်။ Social Media , Email တွေ လည်း အသုံးပြုနိုင်ပါတယ်။ အင်တာနက် နဲ့ မီးဖိုချောင် ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

10

အပေါ်မှာ ဖော်ပြထားတဲ့ နည်းပညာမြင့် မီးဖိုချောင်သုံး Gadget တွေထဲက ဘယ်တစ်ခု ကို နှစ်သက်သလဲဆိုတာ Myanmar ICT ပရိသတ်ကြီး ကွန်းမန့်ပေးခဲ့ပါအုံး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *