News

Toyotaမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်

Philippines - Philippine Daily Inquirer

ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီကြီး တစ်ခုဖြစ်သော Toyota Corporationမှ ကမေ္ဘာဒီးယားနှင့် ကင်ညာနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း Bloom Bergမှ ဖော်ပြချက်အရ သိရသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိသည့် ဈေးကွက် အင်အား၏ ရာခိုင်နှုန်း တစ်၀က်ခန့်ကို ယင်းတို့အနေဖြင့် လွှမ်းမိုးထားလိုကြောင်း၊ Daihatsu Motor ကုမ္ပဏီနှင့်အတူ ဖွ့ံဖြိုးမှု အားကောင်းနေသည့် ဈေးကွက်များမှာ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း၊ Toyota၏ ဒုတိယ ဥက္ကဌ Yasumori Iharaက လွန်ခဲ့သော သောကြာနေ့မှာ ထုတ်ဖော် ပြောကြားခဲ့သည်။ Toyotaသည် တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဘရာဇီးနိုင်ငံများတွင် ဈေးကွက် ရရှိနေပြီ ဖြစ်ပါသည်။

အခြားသော ဂျပန်ကား ကုမ္ပဏီများဖြစ်သည့် Suzukiနှင့် Mitsubishi တို့မှလည်း Car Showingနှင့် ကားတည်ဆောက်ရေး စက်မှုလုပ်ငန်းများ မြန်မာနိုင်ငံတွင် ပြုလုပ်ရန် စိတ်၀င်စားနေကြောင်းလည်း သိရှိရပါသည်။

Ref: http://www.mizzima.com

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *