News

အအိပ်ကြီးသူများအတွက် နှိုးစက် ရိုဘော့

clocky

ဇွန်လ ၃၀ရက် ဒေးလီးမေးလ်သတင်းတွင် စက်ရုပ်တစ်ရုပ်ကဲ့သို့ ရွေ့လျားနိုင်သော နှိုးစက်နာရီကို တီထွင်လိုက်ကြောင်း သိရပါသည်။ ယင်းနှိုးစက်နာရီသည် ဘီးနှစ်ဘီးဖြင့် အခန်းတွင်းတွင် လှည့်လည်ကာ ခလုတ် မပိတ်မချင်း အသံကျယ်ဖြင့် အော်မြည်နေမည် ဖြစ်ပြီး၊ အိပ်ပုပ်ကြီးသူများအတွက် မနှိုးမချင်း နှိုးပေးမည် ဖြစ်သည်။

ယင်းနှိုးစက်သည် နှိုးရန် အချိန်ကျသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ဘီးများက ရှေ့သို့ လည်ပတ်ရွေ့လျားလာပြီး သုံးပေမြင့်ရှိ စားပွဲပေါ်မှ အောက်သို့ ခုန်ချနိုင်သည်ဟု သိရသည်။ ယင်းနှိုးစက်အား တီထွင်သူများက Clockyဟု အမည်ပေးထားပြီး ၎င်းကို လိုက်လံ ကောက်ယူကာ ခလုတ်မပိတ်မချင်း အခန်းတွင်း လှည့်လည်ကာ မရပ်မနား အော်မြည်နေမည် ဖြစ်သည်။ စောစောထ စာကျက်ချင်သော ကျောင်းသားများ နံနက်စောစော အလုပ်သွားရမည့် ဝန်ထမ်းများအတွက် ကူညီပေးနိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ Clockyက လွယ်လွယ်ကူကူ ဖြတ်လို့ရတဲ့ အိပ်ရာတွေထဲမှာ လမ်းရှာပြီး သွားနေမှာပါ။ နှိုးစက်မြည်လာပြီဆိုတာနဲ့ သူ့ကို ခြေရာခံတွေ့အောင် ရှာဖို့ လိုပါလိမ့်မယ်။ ပြီးတော့ ခလုတ်ပိတ်ပေးနိုင်ဖို့ ကြိုးစားရပါမယ်။ အဲဒီလိုနဲ့ အအိပ်မက်သူတွေအတွက် သင့်တော်တဲ့ နှိုးစက်ပဲ ဖြစ်ပါတယ်”ဟု အရောင်းညွှန်ကြားရေးမှုး အိုင်အန်အိုလ်ဆန်က ဆိုထားသည်။ နှိုးစက်နှင့် ပတ်သက်၍ တလောကပင် နှိုးစက်နာရီ ပျံဟူ၍ တီထွင်ခဲ့ကြောင်း တွေ့ရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

3 thoughts on “အအိပ်ကြီးသူများအတွက် နှိုးစက် ရိုဘော့

  1. may thu kyaw says:

    ကောင်းတယ်…..ထချိန်မှန်တာပေါ့….အိပ်အရမ်းပျော်နေတဲ့အချိန်
    ထပိတ်ရမှာဆိုတော့ တော်တော်တော့စိတ်တိုစရာဘဲ.

  2. Myo Thiha says:

    ကောင်းကျိုးအနေနဲ့ ကတော့ မိမိကိုယ်တိုင်ပြုလုပ်ပြီးမှ နိုးစက်ကို ပိတ်ရတာပေါ့။ဒါမှလည်း ပြန်အိပ်ချင်စိတ်မရှိမှာပါ။ဆိုးကျိုးအနေနဲ့ ကတော့ ဆူညံမှုတွေနဲ့ ပြည့်နှက်နေမယ်လို့ ထင်တယ်။ဒီတော့ အခန်းသီးသန့် နေသူတွေအတွက်ကတော့ ကောင်းနိုင်ပေမယ့် အခန်းဖွဲ့ မနေတဲ့ သူတွေ အတွက်တော့ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်စေပါတယ်။

  3. thwethweaye says:

    အဲဒီနှိုးစက်က ဈေးနှုန်းအရကော ချိုသာနိုင်ပါ့မလား

Leave a Reply

Your email address will not be published. Required fields are marked *