Android Tabletအတွက် ရည်ရွယ်ပြီး Designလုပ်ထားတဲ့ Applicationsတွေထဲက အကောင်းဆုံး Applicationsတွေကို ဖော်ပြပေးလိုက်ပါတယ်။ Appတွေကို ကဏ္ဍငါးခုနဲ့ ဖော်ပြပေးသွားမှာပါ။
• Productivity
• Internet and Communications
• Location-Aware
• Music, Photos, and Video
• Utilities
Productivity
Wunderlist
To-Do List Manager Appတစ်ခုဖြစ်ပြီး နေ့စဉ်လုပ်ဆောင်ရန် အလုပ်တွေကို မှတ်သားထားနိုင်ပါတယ်။ ကိုယ့်ရဲ့ Listကိုလည်း တစ်စုံတစ်ယောက်ကို Shareလုပ်နိုင်ပါတယ်။ သင့်ရဲ့ Devicesတွေ အားလုံးမှာ Syncလုပ်နိုင်ပါတယ်။
Google Calendar
Google Calendarမှာလုပ်စရာ အလုပ်တွေကို ရက်စွဲ၊ အချိန်အတိအကျ မှတ်သားထားနိုင်ပြီး သင့်ကို Remindလုပ်ပေးနိုင်ပါတယ်။ Devices အားလုံးမှာ Syncလုပ်ပေးနိုင်ပါတယ်။ Google Calendarကနေတစ်ခြား Calendar Appတွေကိုပါ ကြည့်ရှုနိုင်ပါသေးတယ်။
Google Keep
Googleရဲ့ Noteမှတ်သားတဲ့ Appဖြစ်ပြီးသူ့ရဲ့ Card-Based Designကြောင့် Tabletမှာသုံးလို့ ပိုပြီးသင့်တော်ပါတယ်။ Single-Column View, Multi-Column Viewနှစ်သက်ရာပြောင်းလဲ ကြည့်နိုင်ပါတယ်။ Voice Noteမှတ်သားထားနိုင်ပြီး Color-Codedပြုလုပ်နိုင်တဲ့အတွက် အရေးကြီး Noteတွေကို ရှာရတာ လွယ်ကူစေပါတယ်။
Internet And Communication
Chrome
Google Accountကိုအသုံးပြုပြီး Bookmarks, Open Tabsတွေကို Desktop Versionတွေနဲ့လွယ်လွယ်ကူကူ Syncလုပ်နိုင်တဲ့အချက်က တစ်ခြား Browserတွေထက်သာလွန် ကောင်းမွန်ပါတယ်။ Tabletမှာ Swipeလုပ်ပြီး Tabတစ်ခုနဲ့တစ်ခု ပြောင်းလဲနိုင်ပါတယ်။ Incognito mode ကိုအသုံးပြုပြီး Privacyကိုကာကွယ် ပေးနိုင်ပါတယ်။
TabletSMS
TabletSMSကသင့်ဖုန်းနံပါတ်ကို အသုံးပြုပြီး SMSပေးပို့နိုင်ပါတယ်။ DeskSMSရဲ့ Tablet Extensionတစ်ခုဖြစ်ပြီး DeskSMSကို သင့်ဖုန်းမှာ အင်စတော လုပ်ထားရပါမယ်။ Deviceနှစ်ခုလုံးမှာ အင်တာနက်ကွန်နက်ရှင် ရှိရမှာဖြစ်ပြီး Same Networkထဲမှာ ရှိစရာမလိုတဲ့အပြင် Bluetooth နဲ့လည်း ချိတ်ဆက်စရာ မလိုပါဘူး။
Hangouts
Google Talkကနေ ပြောင်းလဲလိုက်တဲ့ Hangoutsကတော့ Messenger Appဖြစ်ပြီး picture messages, emojiတွေပါပေးပို့နိုင်ပြီး Group Chatလည်း လုပ်နိုင်ပါတယ်။ Video Callလည်း ပြုလုပ်နိုင်ပါတယ်။ Hangoutsကနေပေးပို့လိုက်တဲ့ ပုံတွေကိုလည်း Google Plus Albumမှာ သိမ်းပေးထားပါတယ်။
Feedly
Google Readerမလုပ်ပေးနိုင်တဲ့ Featureတွေကိုပါ လုပ်ပေးနိုင်တဲ့ RSS Reader Appဖြစ်ပါတယ်။ RSS Feedတွေကို အလွယ်တကူ Feedly မှာထည့်သွင်းနိုင်ပြီး သင်နှစ်သက်ရာ Viewတွေဖြင့် ဖတ်ရှုနိုင်ပါတယ်။ Save for laterဖြင့် ဆောင်းပါးတွေ၊ သတင်းတွေကို နောက်မှဖတ်ဖို့ သိမ်းထားနိုင်သလို Social Mediaတွေကိုလည်း အလွယ်တကူ Shareလုပ်နိုင်ပါတယ်။
Location-Aware
Google Now
Google Nowကိုအသုံးပြုရင်တော့ လက်ထောက်တစ်ယောက် ဘေးနားမှာ ခေါ်ထားသလိုပါပဲ။ Google Nowက သင်နေတဲ့နေရာ သင်အသုံးပြုလေ့ရှိတဲ့ Apps၊ သင်ကြည့်လေ့ရှိတဲ့ ၀က်ဆိုက်စတာတွေကို လေ့လာပြီး သင်ဖတ်ချင်မယ့် ဆောင်းပါးတွေ၊ သင်အသုံးပြုမယ့် Apps တွေ၊ အနီးအနားက စားသောက်ဆိုင်တွေ၊ သင်နေတဲ့မြို့ရဲ့ ရာသီဥတုတွေ စတာတွေကို အကြံပြုပေးနိုင်ပါတယ်။ Voice Commandတွေ လည်း ပေးလို့ရပြီး SMSပို့တာတွေ၊ Calendar Events, Alarmစတာတွေ သတ်မှတ်တာတွေ၊ သီချင်းဖွင့်ခိုင်းတာတွေကို ပြုလုပ်ခိုင်းနိုင်ပါတယ်။
Google Maps
မကြာမီက Updateလုပ်လိုက်တဲ့ Google Mapsမှာ Featuresအသစ်တွေပါ ရှိလာပါတယ်။ Voice Commandဖြင့်မြေပုံမှာ ရှာနိုင်တာတွေ၊ Contactနာမည်ဖြင့် မြေပုံမှာရှာနိုင်တာတွေ၊ အနီးအနားက စားသောက်ဆိုင်တွေကို ရှာဖွေတာတွေ၊ လမ်းညွှန် မြေပုံရှာဖွေတာတွေ၊ Satellite Imageတွေ ရယူနိုင်တာတွေ၊ လမ်းပိတ်ဆိုမှု အခြေအနေကို ကြည့်ရှုနိုင်တာတွေ ပြုလုပ်နိုင်ပါတယ်။ 360-degree Street Viewတွေလည်း ကြည့်ရှုနိုင်ပြီး Restaurant , Museumတွေရဲ့အထဲကိုလည်း ကြည့်ရှုနိုင်ပါတယ်။ Favourite Locationတွေကိုလည်း သိမ်းထားနိုင်ပါတယ်။
Music,Photo,Video
8tracks
Social Music Siteဖြစ်တဲ့ 8tracksရဲ့ Tablet Appဖြစ်ပြီး ဂီတအမျိုးအစား အားလုံးအတွက် eight-song playlistsတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ အဆိုတော်အသစ်တွေ၊ သီချင်းအသစ်တွေကို ရှာဖွေ နားဆင်နိုင်ပါတယ်။
Photoshop Touch
နာမည်ကြီး Photoshop Softwareရဲ့ မကြာသေးမီကမှ ထွက်ရှိထားတဲ့ Photo Editor Appဖြစ်ပြီး တစ်ခြား Photo Editor Appတွေထက် Toolsတွေပိုစုံလင်ပါတယ်။ Adobe’s Creative Cloudနဲ့ Integrationဖြစ်ပြီး Tablet Appကပုံကို Desktopက Photoshopနဲ့ Syncလုပ်နိုင် ပါတယ်။
Snapseed
နောက်ထပ် Photo Editor Appတစ်ခုဖြစ်ပြီး Toolsတွေစုံလင်စွာပါ ရှိပါတယ်။ Filters, Fixes, and Correctionsစုံလင်စွာ
ပါရှိပါတယ်။
Google Play Music
Googleရဲ့ Music Appဖြစ်ပြီး သီချင်းတွေ နားထောင်လို့ရပြီး Shareလို့လည်း ရပါတယ်။ Radioလည်းနားထောင်လို့ရပြီး သင်နှစ်သက်စေမယ့် သီချင်းတွေကိုလည်း အကြံပြုပေးပါသေးတယ်။ Cards-style UIက Tabletတွေအတွက် အသုံးပြုလို့ အဆင်ပြေစေပါတယ်။ Cloudမှာ သီချင်းတွေ သိမ်းထားလို့ရပြီး နှစ်သက်ရာ Deviceကနေ Syncလုပ်ပြီး နားထောင်နိုင်ပါတယ်။
FL Studio Mobile
FL Studio Mobileကတော့ Music Creation Appဖြစ်ပါတယ်။ Paid Appဖြစ်ပြီး အင်တာနက်မှာ Cracked Versionကိုရှာပြီး သုံးနိုင်ပါတယ်။
Utilities
Titanium Backup
App,App Data,SMS,MMS,Calls,Bookmarks,Contacts စတာတွေ အကုန်လုံးကို Backup and Restoreလုပ်ပေးနိုင်ပါတယ်။ System Appနဲ့ User Appတို့ကို အပြန်အလှန် ပြောင်းရွှေ့နိုင်ပါတယ်။ Dropbox,Box,Google Driveနဲ့Syncလုပ်နိုင်ပါတယ်။ Schedule Backup လုပ်ပေးနိုင်ပြီး Encryptလည်း လုပ်ပေးနိုင်ပါတယ်။ တစ်ခြား Toolsတွေလည်း စုံလင်စွာ ပါရှိပါတယ်။
AirDroid
AirDroidက သင့်Tabletကဖိုင်တွေကို Desktop Web Browserကနေ အသုံးပြုလို့ရအောင် လုပ်ပေးနိုင်ပါတယ်။ နောက်ပြီး Desktopကနေ သင့် Tabletကို Manageလုပ်နိုင်ပါတယ်။ သင့်Tabletပျောက်သွားရင်လည်း တည်နေရာပြပေးနိုင်ပြီး Personal Dataတွေကို Remotely ဖျက်ပစ်နိုင်ပါတယ်။
Tasker
The automation appဖြစ်ပြီး သင့်Tabletကိုအလုပ်တွေ အလိုအလျှောက်လုပ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ SMSပို့တာတွေ၊ System Setting ကိုပြောင်းတာတွေ၊ Appတွေကို Runခိုင်းတာတွေ၊ နောက်ဆုံးသင့်ကို စကားပြောပြီး Alertတောင် လုပ်ခိုင်းနိုင်ပါသေးတယ်။
Astro
File Managerဖြစ်ပြီး သင့်ဖုန်းက ဖိုင်တွေကိုသာမက Facebook, Dropbox, Google Drive, Box or SkyDriveကဖိုင်တွေကိုပါ Manage လုပ်နိုင်ပါသေးတယ်။