စိတ်၀င်စားစရာကောင်းတဲ့ ဂိမ်းတစ်ခုတော့ ထွက်လာပြန်ပြီ။ Simulation ဂိမ်းတွေက များသောအားဖြင့် တကယ့်ဘ၀နဲ့ တူအောင် ဖန်တီးပေးထားတာ ကျေနပ်စရာပါ ကောင်းလောက်အောင် ဆော့လို့ ကောင်းကြပါတယ်။ မြို့တစ်ခုကို ကစားသူကိုယ်တိုင် တည်ဆောက်ရတဲ့ ဂိမ်းတွေလိုဘဲ တကယ့် ပတ်၀န်းကျင်တစ်ခုမှာ အပြင်က လက်တွေ့ဘ၀တွေအတိုင်း လုပ်ဆောင်ပေးရတဲ့ ပုံစံတွေပါ ဂိမ်းထဲမှာ ထည့်ပေးထားပါတယ်။ ဂိမ်းရဲ့နာမည်က Emergency 2013လို့ ခေါ်ပါတယ်။ Developerတွေက Sixteen Tons Entertainment, Quadriga Gamesတို့ တာ၀န်ယူပေးထားကြတဲ့ Emergency 2013ကို Deep Silverက ထုတ်ခဲ့တာပါ။ November 9, 2012ရက်နေ့က ထွက်ထားခဲ့တဲ့ Simulation ဂိမ်းအမျိူးအစား လက်တွေ့ဘ၀တွေအတိုင်း ဆောင်ရွက် ကစားရမဲ့ ဂိမ်းကောင်း တစ်ခုပါ။ လက်တွေ့ဘ၀တွေထဲမှာ ဖြစ်ပျက်နေတဲ့ ပုံစံတွေအတိုင်း ဖန်တီးထားကြတဲ့ Simulationဂိမ်းတွေတိုင်းက ဆော့ရတာ ကောင်းပါတယ်။ တစ်ချို့အခန်းတွေက ကစားသူကိုယ်တိုင် သေချာဆုံးဖြတ်မှ အဆင်ပြေပြေ ဆော့နိုင်မှာပါ။
Emergency 2013ရဲ့ ပုံစံလေးက သတ်မှတ်ပေးထားတဲ့ မြို့ပေါ်မှာ ရှိတဲ့ ယာဉ်တိုက်မှုတွေ၊ မီးလောင်မှုတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီပေးရတဲ့ ပုံစံမျိူးပါဘဲ။ သတ်မှတ်ပေးထားတဲ့ မြေပုံထဲမှာ ဖြစ်သမျှ Accidentတွေကို ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ရတဲ့အခါ ကစားသူက မီးသတ်၊ ရဲ၀န်ထမ်း၊ ကယ်ဆယ်ရေး လုပ်သားတွေကို ထိန်းချူပ်ကစားသွားရမှာ ဖြစ်ပါတယ်။ ကစားသူရဲ့ commandတွေအတိုင်း လုပ်ဆောင်ပေးရတဲ့ ကယ်ဆယ်ရေး လုပ်သားတွေကို သူတို့နဲ့ ပတ်သတ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို သေချာစီစဉ်ပေးမှ Missionတွေ အောင်မြင်မှာ
ဖြစ်ပါတယ်။ မီးသတ်ကားတွေ၊ လူနာတင်ယာဉ်တွေ၊ ကယ်ဆယ်ရေး လုပ်တဲ့ ရဟတ်ယာဉ်တွေပါ
ပေးထားမှာ ဖြစ်တဲ့အတွက် သူ့နေရာနဲ့သူ အဆင်ပြေအောင် အသုံးချပေးရမှာ ဖြစ်ပါတယ်။ မီးလောင်မှုဖြစ်တဲ့နေရာ ဒါမှဟုတ် ယာဉ်တိုက်မှု ဖြစ်တဲ့နေရာတွေကို ကယ်ဆယ်ရေး သွားလုပ်ရပြီဆို မီးသတ်ပေးတဲ့ လူကို မီးသတ်ခိုင်း၊ လူတွေကို ကယ်ထုတ်လူက ကယ်ထုတ်နဲ့ Accident တစ်ခုစီတိုင်းကို အစအဆုံး ပြီးဆုံးအောင် လုပ်ပေးမှ Missionတစ်ခု အောင်မြင်မှာ ဖြစ်ပါတယ်။
ပေးထားတဲ့ မြေပုံပေါ်မှာဘဲ မီးလောင်မှုတွေ ယာဉ်မတော်တဆမှုတွေကို ဖြေရှင်းပေးနေရမှာဆိုတော့ ကစားသူကိုယ်တိုင် မီးသတ်သမား ဖြစ်မယ်၊ ကယ်ဆယ်ရေး လုပ်သားတစ်ယောက် ဖြစ်လာမှာပါ။ ဒီဂိမ်းကို ကစားဖို့ စိမ်းနေရင်တောင်မှ စပြီး ကစားတာနဲ့ ဘာတွေ လုပ်ရမလဲဆိုတာ နားလည်လာမှာပါ။ Emergencyက စီးရီးအလိုက် ထွက်တဲ့ ဂိမ်းမျိူးပါ။ အခု Emergency 2013မှာလဲ အရင် စီးရီးတွေထက် Missionအသစ်တွေ ပါ၀င်လာတဲ့အပြင် ကစားရတာလဲ စိတ်၀င်စရာ ကောင်းလာပါတယ်။ PCအတွက် ထုတ်ထားဖြစ်တဲ့ Emergency 2013ကို ဆော့ရင်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဘယ်လို လုပ်ဆောင်ကြတယ်ဆို ဆော့ရင်း သိရှိနိုင်အောင် Simulationဂိမ်းတွေ နှစ်သက်တဲ့ ဂိမ်းမာတွေအတွက် Review ညွှန်းပေးလိုက်ပါတယ်ဗျာ။