News

၁၅၀၀WCDMA ဖုန်းများ မက်ဆေ့ချ်ပို့၍ အင်တာနက် လျှောက်နိုင်ပြီ

မကြာသေးမီက ချထားပေးခဲ့သည့် ကျပ်၁၅၀၀တန် WCDMA ဖုန်းများသည်လည်း Message ပေးပို့ပြီး အင်တာနက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန့်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယင်း WCDMA ဖုန်းများတွင် အင်တာနက်အသုံးပြုရန်အတွက် မြန့်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရန် မလိုတော့ပဲ ၁၃၃၁ နံပါတ်သို့ အင်တာနက်လျှောက်ထားလိုသည့် Orderdata Service မက်ဆေ့ချ် ပေးပို့ကာ လျှောက်ထားနိုင်သည်ဟု ဆိုသည်။

“၁၅၀၀တန် WCDMAဖုန်းတွေအတွက်လည်း မက်ဆေ့ချ်ပို့ပြီး အင်တာနက်လျှောက်နိုင်ပါတယ်။ မက်ဆေ့ချ်ပို့ပြီး ဖုန်းကနေပဲ အင်တာနက်လျှောက်ရတာ အဆင်ပြေအောင် ဆောင်ရွက်ထားပါတယ်။ မက်ဆေ့ချ်ပေးပို့တဲ့အခါ ရိုက်ရမယ့် ဖုန်းနံပါတ်နဲ့စာသားကိုလည်း မှန်မှန်ကန်ကန်ပေးဖို့ လိုအပ်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်ဟု သိရသည်။

၎င်းစနစ်ဖြင့် အင်တာနက်လျှောက်ထားလိုသူများအနေဖြင့် အင်တာနက်လျှောက်ထားခအဖြစ် ဖုန်းထဲတွင်ငွေပမာဏ တစ်သောင်းကြိုတင် ငွေဖြည့်ထားရမည်ဖြစ်ကာ မက်ဆေ့ချ်ပေးပို့၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လျှောက်ထားခြင်းအား လက်ခံကြောင်း မက်ဆေ့ချ်ပြန်လည်ပေးပို့ပါက အချိန်ပိုင်းအတွင်း အင်တာနက်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက်အသုံးပြုခကို GSM အတွက် တစ်မိနစ်လျှင်နှစ်ကျပ်၊ WCDMAနှင့် CDMA 800 အမျိုးအစားအတွက် တစ်မိနစ်လျှင် လေးကျပ်အသီးသီးကောက်ခံလျှက် ရှိကြောင်းသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

2 thoughts on “၁၅၀၀WCDMA ဖုန်းများ မက်ဆေ့ချ်ပို့၍ အင်တာနက် လျှောက်နိုင်ပြီ

  1. 1500 CDMA တွေ internet ဘယ်လို့ လျှောက်နိုင်မလဲ..သိရင်.. ပြောကျပါအုံး

  2. Linn Lay says:

    လိုင်းကတော်တော်ကောင်းတာကို ပြည်သူဆီကငွေကိုအချောင်လိုခြင်နေတယ်

Leave a Reply

Your email address will not be published. Required fields are marked *