Acer C720 Chromebook မှာ ကောင်းမွန်တဲ့ Features တွေများစွာပါ၀င်ပြီး ဒေါ်လာ ၂၄၉ သာတန်ကြေးရှိပါတယ်။ Acer က ဒီ ဈေးထက်သက်သာတဲ့ Chromebook C720-2848 ကိုထုတ်လုပ်ရောင်းချပေးလိုက်ပါပြီ။
ဒေါ်လာ ၁၉၉.၉၉ သာရှိတဲ့ C720-2848 ဟာ C720 ရဲ့ ဈေးသက်သာတဲ့ Version လို့ပြောလို့ရပါတယ်။ ဒီ Laptop နှစ်လုံးမှာကွာခြားချက်က RAM ဖြစ်ပါတယ်။ C720-2848 မှာ 2GB RAM ပါရှိပြီး C720 မှာပါတဲ့ RAM ရဲ့ တစ်၀က်သာရှိပါတယ်။ တစ်ခြား Specifications တွေအားလုံးကတော့ အတူတူပဲဖြစ်ပါတယ်။ Acer က RAM ကိုလျှော့သုံးလိုက်ပြီး ဈေးသက်သာအောင်ပြုလုပ်လိုက်တာဖြစ်ပါတယ်။
RAM နည်းတဲ့ အတွက် Chrome Browser မှာ Tab တွေအများကြီး ဖွင့်သုံးလို့တော့မရပါဘူး။ ဒါပေမယ့် Chromebook ကိုစမ်းသပ်အသုံးပြုချင်တဲ့ သူတွေအတွက် တော့ HP Pixel လို ဈေးကြီးတာကို၀ယ်စရာမလိုတော့ဘဲ ဈေးသက်သာတဲ့ Acer C720-2848 ကို၀ယ်ယူနိုင်ပါတယ်။
Acer C720-2848 ဟာ ၁၁.၆ လက်မ ရှိပြီး 1,366x768P Resolution ရှိပါတယ်။ Intel Haswell Celeron Processor ကိုအသုံးပြုထားပြီး 16GB Storage ပါရှိပါတယ်။ ဒီဇိုင်းကတော့ Acer C720 နဲ့ ဆင်တူပါတယ်။ ၈.၅ နာရီ အသုံးခံမယ့် ဘက်ထရီ ပါရှိပါတယ်။
Acer C720-2848 ကို အမေရိကန် က Amazon , Best Buy တို့ကနေ ၀ယ်ယူနိုင်ပါတယ်။