How-to

1500ကျပ်တန် လိုင်းကဒ်များအတွက် Internet setting ထည့်နည်း

1500ကျပ်တန် လိုင်းကဒ်တွေ Internet သုံးလို့ရပြီဆိုတော့၊ Internet setting ထည့်နည်းပြောပြလိုက်ပါတယ်ဗျာ။ 1500ကျပ်တန် လိုင်းကဒ်တွေက CDMA Networkကို သုံးထားတာ ဖြစ်တဲ့အတွက် Internet သုံးတဲ့အခါ 3G စနစ်ကို အသုံးပြုလို့ ရနိုင်ပါတယ်။ Internet setting ထည့်သွင်းတဲ့အခါမှာ အရင် CDMA လိုင်းကဒ်တွေနဲ့ Internet setting ထည့်သွင်းပုံခြင်း မတူပါဘူး။ ဒါကလဲ Operator နာမည်မတူတာကြောင့် ဖြစ်ပါတယ်။ ကျန်တာတွေကတော့ အားလုံးနီးပါးတူပါတယ်။ တစ်ခုပြောချင်တာကတော့ Internet setting ထည့်သွင်းတယ်ဆိုတာ Android ဖုန်းတွေအတွက်ဘဲ ဖြစ်ပါတယ်။ 1500ကျပ်တန် လိုင်းကဒ်တွေအတွက် Internet setting ထည့်တော့မယ်ဆိုရင် Settingထဲကို ၀င်လိုက်ပါ။ Wireless and Network ထဲက Mobile Networks ပြီးတော့ Access Point Names ဆိုတာတွေ့ပါလိမ့်မယ်။ Access Point Namesကိုနှိပ်ပြီး Menu Key> New APN လုပ်လိုက်ပါ။ ဒီအထိ အရင်တုန်းက CDMAတွေအတိုင်း လုပ်ဆောင်သွားရမှာပါ။ New APN လုပ်ပြီးရင် Nameတို့ APN တွေ့ရပါလိမ့်မယ်။ အခု Internet setting စပြီးထည့်တော့ပါမယ်။ ကျွန်တော်ပြောပြတဲ့ အဆင့်တိုင်း ထည့်သွင်းပေးပါ။ Name နေရာမှာ mectel လို့ရေးပေးပါ။ APNနေရာမှာ #777၊ User Name – [email protected]၊ Password – ကြိုက်ရာထည့်နိုင်ပါသည်။ Authentication type – PAP or CHAP ၊ APN type – * ၊ Prompt password – #777 လို့ရေးလိုက်ပါ။ ကျန်တာတွေကတော့ သူ့အတိုင်း ထားလိုက်ပါ။ Data bearer ကိုတော့ Package Dataရွေးထားပါ။ ဒီအဆင့်တွေ လုပ်ပြီးပြီဆိုရင် Menu Key နှိပ်ပြီး Save လုပ်လိုက်ပါ။ ဒါဆိုရင် Internet setting ထည့်သွင်းပြီးပါပြီ၊ Data Enabled လုပ်ပြီး Internet စသုံးလို့ရပါပြီ။ ဒီလောက်ဆို 1500ကျပ်တန် လိုင်းကဒ်များအတွက် Internet setting ထည့်သွင်းနည်း အဆင်ပြေလောက်ပါပြီ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “1500ကျပ်တန် လိုင်းကဒ်များအတွက် Internet setting ထည့်နည်း

  1. may thu kyaw says:

    ကျေးဇူးပါ….ICTရယ်

Leave a Reply

Your email address will not be published. Required fields are marked *