News

ကျိုက်ထီးရိုးစေတီတော် ကေဘယ်ကားပြေးဆွဲရန် ဗီယက်နမ် ကုမ္ပဏီ လာရောက်ညှိနှိုင်း

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင် ကျိုက်ထီးရိုးစေတီတော် တောင်ခြေနှင့် ရင်ပြင်တော်ပေါ်သို့ ကေဘယ်ကားပြေးဆွဲရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ဗီယက်နမ်နိုင်ငံမှ Oman Investment Fund အဖွဲ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ယခုသတင်းပတ်အတွင်းက လာ​ရောက်ပြီး ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဦးသက်ဝင်း၊ ဘဏ္ဍရေးဝန်ကြီး ဒေါက်တာခင်မောင်သွင်၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးနိုင်လဝီအောင် တို့နှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ဗီယက်နမ်အဖွဲ့မှ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Mr. Truong Hoang Son ကပြောကြားရာတွင် မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးစေတီတော်တွင် Cable Car ပြေးဆွဲရေးကို လုပ်ကိုင်လိုကြောင်း (သို့မဟုတ်) စက်ရုံကြီးများကို လုပ်ကိုင်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်ဟုသိရသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဗီယက်နမ်ကုမ္ပဏီ အနေဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်လိုပါက ကျိုက်ထီးရိုးစေတီတော်သို့ သွားရောက်ပြီးလေ့လာရန်လိုကြောင်း၊ မည်သည့်နေရာ၊ အကွာအဝေး၊ လုပ်ကိုင်မည့်ကုန်ကျငွေ ခန့်မှန်းချက်၊ မြေပုံကြမ်း စသည်တို့ကို စနစ်တကျပြန်လေ့လာပြီး ပြန်လည်တင်ပြရန်၊ လေ့လာရာတွင် ကျိုက်ထီးရိုးစေတီတော် ​​​​​​ဂေါပကအဖွဲ့နှင့် ပူးတွဲလေ့လာရန်၊ ၎င်းအပြင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဖြစ်၍ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုကော်မတီ (MIC) ၏ခွင့်ပြုချက်ရရှိရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း၊ မွန်ပြည်နယ် အစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိပါက အကူအညီပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “ကျိုက်ထီးရိုးစေတီတော် ကေဘယ်ကားပြေးဆွဲရန် ဗီယက်နမ် ကုမ္ပဏီ လာရောက်ညှိနှိုင်း

  1. မီးပ်က္ရင္ေတာ့ဒုကၡ

Leave a Reply

Your email address will not be published. Required fields are marked *