News

၄ လက်မ မျက်နှာပြင် Display နဲ့ Dual-core processor တပ်ဆင်ထားတဲ့ Nokia X

Nokia X သို့မဟုတ် Nokia Normandy ဖုန်းထွက်ပေါ်လာမယ်လို့ အင်တာနက်သတင်းများတွင်ကြားသိရနေရပါတယ်။ Nokia ၏ ပထမဆုံး Android ဖုန်းဖြစ်ပြီး Specifications များကို evleaks ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။

ထွက်ရှိနေတဲ့သတင်းများအရ ၎င်းဖုန်း၏ Specifications များမှာ Dual-core 1GHz Snapdragon Processor တပ်ဆင်ထားပြီး SoC အမျိုးအစားကိုတော့မသိရသေးပါ။ သို့သော် Snapdragon 200 8225Q အမျိုးအစားဟု ယခင်ကအရင် သတင်းများက ဖော်ပြခဲ့ဖူးပါတယ်။ Quad-core chip နဲ့ RAM 512MB တပ်ဆင်ထားပြီး Memory Storage 4GB ပါရှိပါတယ်။

အခြား Specifications များကတော့ 4.0-inch WVGA (800 x 480) Display တပ်ဆင်ထားပါတယ်။ ကင်မရာ 5 Megapixel နဲ့ SIM Card နှစ်ခုထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Battery ကတော့ 1,500mAh ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၀ယ်ယူ အသုံးပြုနိုင်အောင်ပြုလုပ်ပေးထားပြီး စျေးနှုန်းသက်သာတဲ့ စွမ်းဆောင်ရည်နိမ့်ဖုန်း အမျိုးအစားဖြစ်ပါတယ်။ Amazon မှ ၎င်း၏ Kindle Fire Devices တွင် ကိုယ်ပိုင် Applications Store ထည့်သွင်းပေးထားသလိုပဲ Nokia X တွင်လည်း Nokia ၏ ကိုယ်ပိုင် Applications Store ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Application Store မှ မဟုတ်တဲ့ Apps များကိုလည်း အင်စတော လုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆိုပါဖုန်းကို အရောင်(၆)မျိုး ထုတ်လုပ်မယ်လို့ သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *