News

စျေးသက်သာတဲ့ Nokia X ကို မလေးရှားတွင် ရောင်းပြီ

Nokia က ထုတ်လုပ်တဲ့ ပထမဆုံး Android Phone ဖြစ်တဲ့ Nokia X ကို Mobile World Congress မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ Nokia က Nokia X ကို အမြန်ဆုံး ရောင်းချပေးချင်တဲ့ပုံပေါ်ပါတယ်။ Nokia X ကို မလေးရှား အွန်လိုင်းအရောင်းဆိုင် Storekini.com ကနေ မလေးရှားရင်းဂစ် (၃၉၉) ဖြင့် ရောင်းချပေးနေပါတယ်။ အမေရိကန် ဒေါ်လာ နဲ့ တွက်ချက်ရင် ဒေါ်လာ (၁၂၀) သာ ကျသင့်မှာ ဖြစ်ပါတယ်။

Nokia X တွင် Dual-Core 1GHz Snapdragon S4 Processor နဲ့ လေးလက်မအရွယ် 480×800 WVGA Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 3 Megapixel Camera တပ်ဆင်ထားပြီး မျက််နှာချင်းဆိုင် ကင်မရာ မပါရှိပါဘူး။ 4GB Storage နဲ့ 512 MB RAM ပါရှိပါတယ်။ Android 4.1.2 Jelly Bean ကို လည်ပတ်မောင်းနှင်မှာ ဖြစ်ပါတယ်။

Google Play Store မပါရှိပေမယ့် Nokia ရဲ့ ကိုယ်ပိုင် App Store ပါရှိပါတယ်။ Android App တွေကို Sideload လုပ်ပြီး အင်စတော လုပ်နိုင်ပါတယ်။ Nokia က Nokia X အပြင် Nokia X+, X XL စတဲ့ Android Phone တွေကိုလည်း Mobile World Congress မှာ ပြသခဲ့ပါတယ်။ အဲဒီ အကြောင်းကို ဒီဆောင်းပါး မှာ ဖတ်ရှုနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *