News

Nokia ရဲ့ ပထမဆုံး Android Phone များ

Nokia က Nokia X, X+, X XL စမတ်ဖုန်းများကို ဘာစီလိုနာမှာ ပြုလုပ်တဲ့ Mobile World Congress မှာပြသလိုက်ပါတယ်။ သူ့ရဲ့ ပထမဆုံး Android Smartphone များဖြစ်ပါတယ်။

Nokia X, X+ စမတ်ဖုန်းများမှာ လေးလက်မအရွယ် မျက်နှာပြင် တပ်ဆင်ထားပါတယ်။ စွမ်းဆောင်ရည် အလယ်အလတ်ရှိတဲ့ ဖုန်းတွေဖြစ်ပါတယ်။ Nokia X+ မှာ Storage ပိုမိုပါရှိပြီး MicroSD Card အသုံးပြုနိုင်ပါတယ်။

Nokia က ငါးလက်မအရွယ် X XL စမတ်ဖုန်းကိုလည်းပြသလိုက်ပြီး အနောက်နဲ့ အရှေ့မှာ 5 Megapixel နဲ့ 2 Megapixel ကင်မရာ နှစ်လုံး အသီးသီးတပ်ဆင်ထားပါတယ်။

လေးလက်မအရွယ်ဖုန်းများမှာ Nokia နဲ့ Microsoft ရဲ့ ၀န်ဆောင်မှုတွေ ပါရှိမှာဖြစ်ပါတယ်။ Nokia Android Store ပါရှိပြီး Apps များကို ရယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဖုန်းများကို Google ဆီမှာ မှတ်ပုံတင်ထားတာ မဟုတ်တဲ့အတွက် Google Play Store မပါရှိဘူးလို့ ထင်ရပါတယ်။

Nokia ရဲ့ Android ဖုန်းများဟာ အခြား Android Phone များနဲ့ အသုံးပြုရတဲ့ ပုံပန်းသွင်ပြင် တူညီမှုမရှိဘူးလို့ သိရပါတယ်။ Nokia Lumia Window Phone များရဲ့ ပုံပန်းသွင်ပြင် ကို Android နဲ့ ပေါင်းစပ်ထားတယ်လို့ သိရပါတယ်။

Android က Open Source ဖြစ်တဲ့အတွက် Android Developer များက Nokia ရဲ့ Android Phone များအတွက် Apps များပြုလုပ်ပေးကြမှာဖြစ်ပါတယ်။

Nokia Music Radio ကနေလည်း သီချင်းတွေနားထောင်နိုင်ပါတယ်။ Here Maps ကနေ မြေပုံတွေ အသုံးပြုနိုင်ပါတယ်။ Android Phone ဖြစ်တဲ့အတွက် Vine နဲ့ အခြား Apps များကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Nokia ရဲ့ အခမဲ့ သီချင်း၀န်ဆောင်မှု ဖြစ်တဲ့ MixRadio ဟာ Nokia စမတ်ဖုန်းများရဲ့ အဓိက စံနှုန်းဖြစ်လာပေမယ့် Slide Me လို Stores တွေကနေလည်း Apps တွေကို ရယူနိုင်ပါတယ်။ စမ်းသပ်အသုံးပြုပြီး ကြိုက်မှ ၀ယ်ယူနိုင်တဲ့ အခပေး Apps တွေလည်း ရှိပါတယ်။

Nokia Store ကနေ OneDrive ကို ရယူအသုံးပြုမယ်ဆိုရင် 10GB Storage ရရှိမှာဖြစ်ပြီး Photos, Videos, Music စတာတွေကို Cloud မှာ သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။

Nokia X ကို ယူရို (၈၉) ၊ X+ ကို ယူရို (၉၉) ၊ XL ကို ယူရို (၁၀၉) ဖြင့် ဧပြီလမှ ဇွန်လအတွင်းရောင်းချပေးမှာဖြစ်ပါတယ်။ ဖွံဖြိုးပြီး နိုင်ငံများမှာ ရောင်းချမယ်လို့ သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “Nokia ရဲ့ ပထမဆုံး Android Phone များ

Leave a Reply

Your email address will not be published. Required fields are marked *