News

Samsung ရဲ့ Tizen Smartphone ဓာတ်ပုံ ထွက်ပေါ်

Samsung ရဲ့ Tizen Mobile OS ကို ပထမဆုံး အသုံးပြုထားတဲ့ စမတ်ဖုန်းဓာတ်ပုံ အင်တာနက်တွင်ထွက်ပေါ်လာပါတယ်။ MovePlayer ကိုရီးယား၀က်ဆိုက်မှ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပြီး ZEQ9000 ဟု Code Name ပေးထားကြောင်း သိရပါတယ်။ အမည်ဖော်ပြခြင်းမရှိတဲ့ သတင်းအရင်းအမြစ်တစ်ခုက အဆိုပါဖုန်းအား Zeke အမည်ဖြင့် Samsung က ပွဲထုတ်မယ်လို့ သိရပါတယ်။ Samsung က Zeke အမည်ကို သြဂုတ်လတွင် မှတ်ပုံတင်ထားပြီးဖြစ်ပါတယ်။

PhoneArena Website က အဆိုပါ သတင်းပေါက်ကြားမှုမှာ မမှန်ကန်ဟု ပြောဆိုပါတယ်။ ဒါပေမယ့် အဆိုပါ Smartphone ၏ မျက်နှာပြင်ဒီဇိုင်းမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ထွက်ပေါ်ခဲ့သော Tizen 2.1 ဓာတ်ပုံများနှင့် ဆင်တူတဲ့အတွက် ဖြစ်နိုင်ခြေ များတယ်ဟု ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

Tizen OS ဟာ ၂၀၁၃ ခုနှစ်တုန်းက ထုတ်လုပ်ရောင်းချခဲ့သော Fire OS လိုပဲ Android ကို ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ Samsung က ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် Tizen OS ထည့်သွင်းထားတဲ့ Galaxy ကိုပြသခဲ့ပြီး User Interface မှာ ရှင်းလင်းပြီး Windows Phone လို Tiles များပါရှိပါတယ်။

ကိုရီးယား၀က်ဆိုက်က Specification အချို့ကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Zeke ဖုန်းမှာ ၄.၇ လက်မ HD Display နဲ့ 2.3 Qualcomm Snapdragon 800 CPU တပ်ဆင်ထားပါတယ်။ အဆိုပါ Smartphone ၏ အရွယ်အစားမှာ Galaxy S4 ထက် သေးငယ်ပါတယ်။ Samsung နဲ့ Intel က ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် Barcelona ၌ ကျင်းပပြုလုပ်မယ့် Mobile World Congress တွင် Tizen OS Device များကို ထုတ်ဖော်ပြသမယ်လို့ အတည်ပြုပြောကြားဖူးပါတယ်။ Samsung က Tizen OS Phone များကို ၂၀၁၃ ခုနှစ်တွင် ရောင်းချမယ်လို့ကြေညာထားခဲ့ပေမယ့် အမှန်တကယ် ရောင်းချနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *