How-to

Xbox One ဂိမ်းစက်ကို အသံဖြင့် ခိုင်းစေနိုင်မယ့် Voice Commands များ

Xbox One ဂိမ်းစက်တွေရောင်းအားကောင်းစေတဲ့ အချက်တွေထဲက တစ်ခုကတော့ အသံဖြင့်ခိုင်းစေနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် Xbox One ကို အသံနဲ့ ခိုင်းစေဖို့ Voice Commands တွေကို သေချာပြောဖို့လိုအပ်ပါတယ်။ Apple ရဲ့ Siri လိုတော့ သင်ပြောတဲ့ စကားတိုင်းကို Xbox One က မသိပါဘူး။ Xbox One သိတဲ့ Voice Command တွေကိုပဲ ပြောဆိုပြီး ခိုင်းစေနိုင်တာဖြစ်ပါတယ်။

အဲဒီအတွက် Xbox One ဟာ မကောင်းဘူးလို့ပြောလို့မရပါဘူး။ Xbox One ဟာ ဧည့်ခန်းမှာထားပြီး အသုံးပြုရတဲ့အတွက် ပြောသမျှ စကားတွေကိုသိရင် အလုပ်တွေ လျှောက်လုပ်နေမှာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ Xbox One ကို အသံနဲ့ ခိုင်းစေနိုင်မယ့် Voice Command တွေကို ဖော်ပြပေးလိုက်ပါတယ်။

Note: Commands တွေကြားမှာ Comma တွေ ခံထားတာ အလကား မဟုတ်ပါဘူး။ Comma နေရာမှာ အသံကို ခနရပ်ပေးမှ သာ Command က ကောင်းမွန်စွာ အလုပ်လုပ်မှာဖြစ်ပါတယ်။

Console Commands

ဂိမ်းစက်ကို ထိန်းချုပ်ဖို့ အခြေခံ အကျဆုံး နဲ့ အသုံး၀င်တဲ့ Commands တွေကို ဒီကဏ္ဍမှာ ဖော်ပြမှာဖြစ်ပါတယ်။

Xbox, on : Kinect ကိုဖွင့်ထားသမျှ ဒီ Command ကိုအသုံးပြုပြီး Xbox One ကိုဖွင့်လို့ရပါတယ်။ ဂိမ်းစက်ကို အကြာကြီး ပိတ်ထားတဲ့ အခြေအနေမျိုးမှာတော့ ဒီ Command က ကောင်းကောင်း အလုပ်မလုပ်တာကိုတွေ့ရပါတယ်။ ဒါပေမယ့် များသောအားဖြင့်တော့ အလုပ်လုပ်ပါတယ်။
Xbox, turn off : Xbox One ကို ပိတ်ဖို့အတွက် Xbox, off လို့ပဲ ပြောလို့မရပါဘူး။ Xbox, turn off လို့ပြောပေးရပါမယ်။ Xbox, turn off လို့ပြောရင် ဂိမ်းစက်က သေချာလားမေးပါလိမ့်မယ်။ Yes လို့ပြောပေးပါ။
Xbox, go to Settings : Xbox One မှာ Settings ချိန်ညှိချင်ရင် ဒီ Command သုံးနိုင်ပါတယ်။ Menu ကနေ တစ်ဆင့် Settings ထဲ၀င်စရာမလိုတော့တဲ့အတွက် အချိန်ကုန်၊ အလုပ်ရှုပ် သက်သာပါတယ်။
Xbox, go home : ဂိမ်းဆော့ပြီးလို့ပဲဖြစ်ဖြစ်၊ App တစ်ခု အသုံးပြုပြီးလို့ ဖြစ်ဖြစ် Main Xbox Dashboard ကို သွားချင်ရင် အဲဒီ Command ကို အသုံးပြုပါ။
Xbox, select : Xbox One ရဲ့ Menu ကို ရောက်နေတဲ့အခါမှာ Item တစ်ခုကို Select လုပ်ချင်ရင် ဒီ Command ကို အသုံးပြုပါ။

2

Gaming Commands
Xbox One ကို အသံနဲ့ Power ဖွင့်ပြီးရင် ဂိမ်းကစားဖို့လည်း အသံနဲ့ ခိုင်းစေနိုင်ပါတယ်။
Xbox, go to ‘Game Name’ : ဒီ Command က HDD က ဒါမှမဟုတ် Disc Drive ထဲက ဂိမ်းကိုဖွင့်ပေးမှာဖြစ်ပါတယ်။ အရေးကြီးတာက ဂိမ်းနာမည်ကို အပြည့်အစုံ ပြောပေးရပါမယ်။ ‘Xbox, go to Forza’ လို့ပြောတဲ့အစား ‘Xbox, go to Forza Motorsport 5’ လို့ ပြောပေးရပါမယ်။

3

Entertainment And Communication Commands
Xbox One ရဲ့ ကောင်းမွန်တဲ့ အဓိက စွမ်းဆောင်ချက်တွေထဲက တစ်ခုက Entertainment Features တွေဖြစ်ပါတယ်။ Microsoft က Xbox One ကို မိတ်ဆက်တုန်းကလည်း ဂိမ်းတွေထက် တီဗီကြည့်တာ၊ Skype သုံးတာကို အဓိက ပြောကြားသွားပါတယ်။ Entertainment တွေကို ထိန်းချုပ်ဖို့ Xbox One မှာ Commands များစွာပါရှိပါတယ်။

Xbox, watch TV : Cable Box တွေရှိတဲ့သူတွေအတွက် အဲဒီ Command ကို အသုံးပြုရင် Xbox One က ရုပ်သံလိုင်းတွေကို ပြပေးမှာဖြစ်ပါတယ်။ ဂိမ်းတွေ ကစားနေရင်းကတောင် ဒီ Command ကို အသုံးပြုနိုင်ပါတယ်။
Xbox, watch ‘Channel Name’ : ရုပ်သံလိုင်းတစ်ခုကိုကြည့်ဖို့ အတွက် ဒီ Command ကို အသုံးပြုနိုင်ပါတယ်။ Xbox, watch ‘Fox’ လို့ပြောရင် Fox ရုပ်သံလိုင်းကို ပြပေးမှာဖြစ်ပါတယ်။
Xbox, go to ‘app name’ : ဂိမ်းတစ်ခုကို အသံနဲ့ ဖွင့်ခိုင်းတာလိုပဲ App တစ်ခုကိုဖွင့်ဖို့ ဒီ Command ကိုပဲ အသုံးပြုနိုင်ပါတယ်။ ဂိမ်းနာမည် နေရာ မှာ App နာမည် ကို ပြောပေးရပါမယ်။

4

Snapping
Xbox One ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်တစ်ခုက Snapping Function ကို အသုံးပြုပြီး Multitask ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ App တစ်ခုကို စကရင် ရဲ့ တစ်ဖက်ခြမ်းမှာ အသုံးပြုနိုင်ပြီး နောက် တစ်ဖက်ခြမ်းမှာ အခြား တစ်ခုကို အသုံးပြုနိုင်ပါတယ်။
Xbox, Snap’app name’ : ဒီ Command ကို အသုံးပြုရင် App တစ်ခုကို စကရင် ရဲ့ တစ်ဖက်ခြမ်းမှာ Snap Window အနေနဲ့ ဖွင့်ပေးမှာဖြစ်ပါတယ်။ ဂိမ်းကစားနေရင်းက Xbox, Snap TV လို့ပြောရင် တီဗီ ကို ဂိမ်းဘေးမှာ ပြပေးမှာဖြစ်ပါတယ်။
Xbox, Unsnap : Multitask မလုပ်ချင်တော့ရင် Snap Window မှာ Run နေတဲ့ ဘယ်အရာ ကိုမဆို ပိတ်ပေးမှာဖြစ်ပါတယ်။ သာမာန်၀င်းဒိုး က အရာ ကို စကရင် အပြည့်နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Xbox, Switch : ဒီ Command က App တွေ ပြောင်းလဲ အသုံးပြုချင်တဲ့အခါ အသုံးပြုနိုင်ပါတယ်။

5

အခုအပေါ်မှာ ဖော်ပြထားတဲ့ Commands တွေက အနည်းငယ်သာ ဖြစ်ပြီး Xbox One ကို ခိုင်းစေနိုင်တဲ့ အခြား Voice Command တွေများစွာ ရှိပါသေးတယ်။ ဒါပေမယ့် အခုဖော်ပြထားတာကတော့ အသုံးအ၀င်ဆုံး Commands တွေဖြစ်ပါတယ်။ Voice Command တွေ အလုပ်ကောင်းကောင်း မလုပ်ရင် Xbox လို့ ပြောပြီး နားလိုက်ပါ။ ဒါဆိုရင် ဂိမ်းစက်က သင်ပြောမယ့် အရာကိုနားစွင့်နေမှာဖြစ်သလို အသုံးပြုနိုင်တဲ့ Commands တွေကို စကရင်မှာ ပြပေးပါလိမ့်မယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *