News

Micromax က Canvas Power A96 စမတ်ဖုန်းကို ရောင်းချ

India စမတ်ဖုန်း ထုတ်လုပ်သူ Micromax က သူ့ရဲ့ အရောင်းဆို်င်တွေကနေ 4000 mAh Battery တပ်ဆင်ထားတဲ့ Micromax Canvas Power A96 စမတ်ဖုန်းကို ရောင်းချ လိုက်ပါတယ်။ ၅ လက်မ အရွယ် (854 x 480 Pixels) Display တပ်ဆင်ထား ပါတယ်။ Touch Screen IPS Display ဖြစ်ပါတယ်။ 1.3 GHz Quad-core Mediatek MT6582M Processor တပ်ဆင်ထားပြီး Android 4.2 (Jelly Bean) ဖြင့် မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ GSM SIM Card နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

အနောက်ဘက်တွင် LED Flash နဲ့ 5MP Camera တပ်ဆင်ထားပြီး HD Video Recording ပြုလုပ်နိုင်ပါတယ်။ မျက်နှာချင်းဆိုင် မှာ 0.3MP Camera ကိုလည်း တပ်ဆင်ထားပါတယ်။ 3.5mm Audio Jack နဲ့ FM Radio တို့ပါရှိပါတယ်။ 512MB RAM, 4GB Internal Memory ပါရှိပြီး 32GB ထိ ၀င်ဆန့်တဲ့ MicroSD ကို ထည်သွင်း.အသုံးပြုနိုင်ပါတယ်။ 3G, WiFi 802.11 b/g/n, Bluetooth 3.0, GPS တို့ ပါရှိပြီး Battery ကတော့ 4000 mAh ဖြစ်ပါတယ်။ Micromax Canvas Power A96 ကိုအနက်ရောင် ထုတ်လုပ်ထားပြီး အိန္ဒိယ ရူပီး 9,900 ဖြင့် ရောင်းချပေးနေပါတယ်။ မကြာမီက ရောင်းချခဲ့တဲ့ 4200 mAh Battery တပ်ဆင်ထား သော Gionee M2 နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *