News

Samsung Galaxy Grand 2 အနက်ရောင် နဲ့ ပန်းရောင် နှစ်မျိုးကို အိန္ဒိယတွင် ရောင်းချ

အိန္ဒိယမှာ နေထိုင်သူတွေအတွက် အနက်ရောင် နဲ့ ပန်းရောင် Galaxy Grand 2 ကို Samsung က ရောင်းချပေးလိုက်ပါတယ်။ Galaxy Grand 2 အနက်ရောင်ကို စတင် ရောင်းချပေးနေပြီ ဖြစ်ပြီး ပန်းရောင်ကိုတော့ မကြာမီ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Galaxy Grand 2 ကို ဒေါ်လာ 365 ဖြင့် ရောင်းချပေးနေပါတယ်။

Galaxy Grand 2 မှာ ၅.၂၅ လက်မအရွယ် HD Display တပ်ဆင်ထား ပါတယ်။ 1.2GHz Quad-Core CPU အသုံးပြုထားပါတယ်။ 1.5GB RAM ပါရှိပြီး 8GB Internal Storage အသုံးပြုထားပါတယ်။ MicroSD Card Slot လည်းပါရှိ ပါတယ်။ 2,600 mAh Battery တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 8MP Camera တပ်ဆင်ထားပြီး မျက်နှာချင်းဆိုင်တွင် 1.9MP Camera တပ်ဆင်ထားပါတယ်။ 3G Connectivity နှင့် Bluetooth 4.0 ကို အသုံးပြုနိုင်ပါတယ်။ သူ့ အရင် မျိုးဆက်လိုပဲ SIM Card နှစ်ခု အသုံးပြုနိုင်ပါတယ်။

Galaxy Grand နဲ့ Galaxy Grand 2 ဖုန်းနှစ်လုံးကို အသေးစိတ် သုံးသပ် ရေးသားထားတဲ့ဆောင်းပါး တွေကို အဲဒီ လင့် တွေကနေ ဖတ်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *