News

ကမ္ဘာ့အပါးလွှာဆုံး ကီးဘုတ်

တစ်မီလီမီတာ၏ တစ်၀က်ထက် ပါးလွှာသည့် အနေအထားဖြင့် ကီးဘုတ်တစ်မျိုးကို အင်္ဂလန်မှ သုတေသီတစ်ဦးက ထုတ်ဖော်ပြသ လိုက်ကြောင်း သိရပါတယ်။ အဆိုပါ ကီးဘုတ်မှာ ကမ္ဘာ့အပါးလွှာဆုံး ကီးဘုတ်ဖြစ်လာပြီး ကြိုးမဲ့ Beats Headphoneများ၊ Nike+စသည့် နည်းပညာထုတ်ကုန်များ ကဲ့သို့ပင် တီထွင်လိုက်ခြင်း ဖြစ်ပါတယ်။ ပါးလွှာပြီး ကွေးညွှတ်နိုင်တဲ့ Touchscreenမျက်နှာပြင်နဲ့ အဆိုပါကီးဘုတ်ဟာ Tablet, Smartphoneစတဲ့ Deviceတွေနဲ့ Bluetoothသုံးပြီး ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ကီးဘုတ်မှာ အထူးစီမံထားတဲ့ Chipတွေဟာလည်း ကီးဘုတ်ကို Batteryကြီးကြီးမားမား မပါ၀င်ဘဲ နောက်ဆုံးပေါ် ကိရိယာတွေနဲ့ ချိတ်ဆက်ပေးနိုင်မယ့် Ultra-Thinဒီဇိုင်းလည်း ဖြစ်ပါတယ်။

မိုက်ခရိုဆော့ဖ်က ထုတ်လုပ်ထားတဲ့ ၃.၂၅မီလီမီတာရှိ Touch Coverနဲ့ ယှဉ်ရင်တောင် CSRရဲ့ Surface Keyboardက ခြောက်ဆလောက် ပိုမိုပါးလွှာနေတာကို တွေ့ရပါတယ်။ သာမန် ကီးဘုတ်တွေမှာ သုံးလို့မရတဲ့ ဖန်ရှင်တွေကိုလည်း ယခုကီးဘုတ် Touchscreenမှာ အသုံးပြုနိုင်ပြီး CSRအနေနဲ့ Batteryနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိပါဘူး။ ဒါ့အပြင် အဆိုပါ ကမ္ဘာ့အပါးလွှာဆုံး ကီးဘုတ်ဟာ နောင်နှစ်ထဲမှာ ရရှိဦးမှာ မဟုတ်သလို လက်ရှိModelကလည်း ထုတ်လုပ်သူတွေရဲ့ နည်းပညာအပေါ် အသုံးပြုလိုမှုပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *