How-to

Windows 8 ကို ပိုမိုကောင်းမွန်စေမယ့် Win + X Menu Editor

Windows 8  ကို ပိုမိုကောင်းမွန်စေမယ့် Win + X Menu Editor


Windows 8မှာ Windows Key + Xကို နှိပ်ပြီး ဒါမှမဟုတ် ဘယ်ဘက်အောက်ထောင့်ကို Right Clickနှိပ်ရင် Win X Menu ပေါ်လာပါလိမ့်မယ်။ Win X Menuကို  “Power  User Menu” , “Quick Access Menu”လို့လည်း ခေါ်ပါတယ်။ အဲဒီ Menuမှာ Control Panel, Command Prompt, Task Manager, File Explorer, Device Managerစတဲ့ System Utilitiesတွေကို လျှင်လျှင်မြန်မြန် အသုံးပြုနိုင်ဖို့ ပြုလုပ်ပေးထားတာပါ။ Win X Menuကို ပြုပြင်ပေးနိုင်တဲ့ Win + X Menu Editorဆိုတဲ့ Freeware တစ်ခု ရှိပါတယ်။ Win + X Menu Editorက Win X Menuက Shortcutsတွေကို Edit လုပ်ပေးနိုင်ပါတယ်။ Shortcutsအသစ်တွေ ထည့်တာတွေ၊ ရှိပြီးသား Shortcutsတွေကို ဖြုတ် တာတွေ လုပ်ပေးနို်င်ပါတယ်။ Win + X Menu Editorကို သုံးပြီး Win X Menuမှာ ကောင်းမွန်ပြီး အသုံး၀င်တဲ့ Shortcutsတွေ ထည့်နည်းကို ရေးပါမယ်။

Shut Down,Restart,Log Out, And More

Windows 8.1မှာတော့ Shut Down, Restart optionsတွေကို Win X Menuမှာ ဖြည့်ပေးမှာ ဖြစ်ပါတယ်။ Windows 8က Win X Menuမှာ အဲဒီ Shortcutsတွေ ထည့်ဖို့ Win + X Menu Editorက ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Log Out, Switch Userစတဲ့ Optionsတွေကိုလည်း ထည့်နိုင်ပါတယ်။

22
အမြဲသုံးနေကျ System Toolsတွေကို Win X Menuမှာထည့် သွင်းပါ။
Power user menuမှာ System Utilitiesတွေ ပါရှိပေမယ့် သင်အသုံးပြုနေကျ Utilitiesတွေ မပါရှိရင် Win+X Menu Editorကိုသုံးနိုင်ပါတယ်။ ဥပမာအားဖြင့် Win X Menuမှာ Registry Editorကို ထည့်သွင်းနိုင်ပါတယ်။ ဒီလို လုပ်ဖို့ Add a programကိုနှိပ်ပြီး  C:\Windows\System32\regdt32.exeကို ရွေးပေးပါ။


Favorite Programsတွေကို ထည့်သွင်းပါ။

System Utilitiesတွေသာမကဘဲ အသုံးပြုနေကျ Programsတွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။ အဲဒီအတွက် သင့် Favorite Programsတွေကို သုံးချင်တဲ့အခါတိုင်း Windows Key + Xကို နှိပ်ပြီး အလွယ်တကူ သုံးနို်င်ပါတယ်။

Control Panel Shortcutတွေကို ထည့်သွင်းပါ။

သင်အသုံးပြုနေကျ Control Panel က Toolsတွေကိုလည်း ထည့်သွင်း နိုင်ပါသေးတယ်။ Disk Cleanup Toolလို Administrative Toolsတွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။ ဒီလိုလုပ်ဖို့  Add a programကို နှိပ်ပြီး Add a control panel item or Add an Administrative Toolsကို နှိပ်ပါ။


Shortcutsတွေကို Rearrange လုပ်ပါ။
Win X Menuမှာ သင်နှစ်သက်ရာ Shortcutsတွေ ထည့်ပြီးရင် ရှုပ်ပွ မနေအောင် အစီအစဉ်တကျ စီနိုင်ပါတယ်။ Win + X Menu Editorကို သုံးပြီး Reorganizeလုပ်နိုင်သလို Categoryတွေ ခွဲခြား ထားရှိနိုင်ပါတယ်။

အသုံးမပြုတဲ့ Shortcutsတွေကို ဖြုတ်ပစ်ပါ။

Shortcutsတွေကို Rearrange လုပ်လို့ ရသလို အသုံးမပြုတဲ့ Shortcutsတွေကို ဖြုတ်ပစ်ခြင်းဖြင့်လည်း Win X Menuကို အသုံးပြုရ လွယ်ကူရှင်းလင်းအောင် ပြုလုပ်နိုင်ပါတယ်။ Restore Defaults optionပါရှိပြီး Power User Menuကို နဂိုအတိုင်းဖြစ်အောင်လည်း ပြုလုပ်နိုင်ပါတယ်။

Websitesတွေကို ထည့်သွင်းပါ။

Win + X Menu Editorက ဖိုင်တွေ၊ ၀က်ဆိုက်တွေရဲ့ Shortcutsတွေကိုပါ ထည့်သွင်းပေးနိုင်ပါတယ်။ သင်အသုံးပြုနေကျ ၀က်ဆိုက်တွေကို သုံးချင်ရင် Windows Key + Xကို နှိပ်ပြီး အလွယ်တကူ သုံးနိုင်ပါတယ်။ Bookmarksတွေ မှတ်သလို အသုံးပြုဖို့တော့ အဆင်ပြေတဲ့နည်း မဟုတ်ပေမယ့် အသုံးပြုနေကျ ၀က်ဆိုက်တစ်ခု၊ နှစ်ခုကို အလွယ်သုံးဖို့ ပြုလုပ်နိုင်ပါတယ်။
ဒီလိုလုပ်ဖို့ အတွက် အရင်ဆုံး ၀က်ဆိုက်ရဲ့ Shortcutကို အရင်ပြုလုပ်ရပါမယ်။ Firefoxမှာ Address Barရဲ့  ဘယ်ဘက်ထောင့်က Website Faviconကို Drag & Dropလုပ်ပြီး ကွန်ပြူတာမှာ သိမ်းပါ။ Win + X Menu Editorမှာ Add a programကို နှိပ်ပြီး Website Shortcut Fileကို ရွေးပေးပါ။


Windows 8 အသုံးပြုသူတော်တော်များများက Win X Menuကို အသုံးပြုဖို့ မေ့နေကြပါတယ်။ အဲဒီအတွက် Win X Menu or Power User Menuကို အသုံးပြုဖို့ သတိပေးရင်း ဒီဆောင်းပါးကိုရေးပေးလိုက်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *