News

BC Finance ကုမ္ပဏီက မြန်မာနိုင်ငံတွင် အသေးစားငွေချေးလုပ်ငန်းစတင်

Bagan Capitalကုမ္ပဏီ၏ ရင်းနှီးမြုပ်နှံမှုတွင် ပါဝင်သည့် BC Finance ကုမ္ပဏီက မြန်မာနိုင်ငံတွင် အသေးစား ငွေချေးလုပ်ငန်းကို အောက်တိုဘာ ပထမပတ်တွင် စတင်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း Bagan Capital ကုမ္ပဏီမှ သိရသည်။

BC Finance ကုမ္ပဏီသည် ရန်ကုန်မြို့နှင့် နေပြည်တော်အကြား အချက်အချာကျသည့် နေရာတစ်နေရာ ဖြစ်သော ပဲခူးမြို့တွင် ၎င်းတို့၏ ရုံးခန်းကို ဖွင့်လှစ်ကာ ငွေချေးလုပ်ငန်းများကို စတင်မည်ဟု ဆိုသည်။ အဆိုပါ ကုမ္ပဏီက မြန်မာနိုင်ငံ၏ အကြီးဆုံး အသေးစား ငွေချေးလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်လာရန် ရည်ရွယ်ထားပြီး ဘဏ္႑ာရေးဝန်ဆောင်မှု မရရှိသူများအတွက် ရည်ရွယ်သည်ဟု ဆိုသည်။

၎င်းတို့ ကုမ္ပဏီက အသေးစား စွန့်ဦးတီထွင်သူများကို ထောက်ပံပေးခြင်းဖြင့် ၎င်းတို့ကို စီးပွားရေး တစ်ခုလုပ်ကိုင်စေနိုင်ပြိး နိုင်ငံ၏ စီးပွားရေး ပြန်လည် နိုးထလာမှုတွင် ကျယ်ပြန့်စွာ ပါဝင်နို်င်စေရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ကုမ္ပဏီအတွက် ငွေလက်ခံခွင့်နှင့် ငွေချေးခွင့် လိုင်စင်ကို မြန်မာနိုင်ငံ ဘဏ္႑ာရေးဝန်ကြီးဌာနမှ ထုတ်ပေးထားပြီး ဖြစ်သည်ဟု သိရသည်။
Bagan Capitalကုမ္ပဏီသည် ၂၀၁၁ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် Equity and Advisory Groupဖြစ်ပြီး မြန်မာနိုင်ငံတွင် အထူးပြု တည်ထောင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့၏ ရုံးချုပ်မှာ ဟောင်ကောင်တွင်ရှိပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ရုံးခန်းများ ဖွင့်လှစ်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် အထီးကျန်တည်ရှိခဲ့မှုကြောင့် ကမ္ဘာပေါ်ရှိ ငွေချေးလုပ်ငန်းများတွင် နောက်အကျဆုံး နိုင်ငံများတွင် ပါဝင်နေကြောင်း သိရသည်။ ငွေချေးရန် လွယ်ကူသည့် အသေးစား ငွေချေးလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို များစွာ အထောက်အပံ့ဖြစ်စေမည်ဟု ငွေကြေးပညာရှင်အချို့က သုံးသပ်ကြသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *