Apps

Video ရိုက်ကူးနိုင်မှု ထည့်သွင်းခြင်းက Instagram ကို ကျရှုံးစေခဲ့

ဓာတ်ပုံတွေ share တဲ့နေရာမှာ အကောင်းဆုံး app တစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ Instagram ဟာ အခုအခါတော့ ဗီဒီယိုမှတ်တမ်းတွေကို share လုပ်နိုင်ပြီဖြစ်ပါတယ်၊Twitter ရဲ့ ဗီဒီယိုဖိုင်တွေကို share လုပ်တဲ့နေရာမှာ အမြန်ဆုံးဖြစ်တဲ့ Twitter ရဲ့ Vine app ဆန်းသစ်ထားတာဖြစ်ပါတယ်၊ ကုမ္ပဏီအနေနှင့် အသွင်သစ်တွေများစွာနှင့် အသုံးပြုသူ စိတ်ကြိုက် အဖြစ် မျှော်လင့်ချက်ကြီးနေ ခဲ့သော်လည်း Instragram ဟာ သုံးစွဲသူတွေရဲ့ အသည်းစွဲ ကြိုက်နှစ်သက် စရာ ဖြစ်မလာခဲ့ပါဘူး၊ ဓာတ်ပုံနှင့် ဗီဒီယိုကြားထဲမှာ ကွဲလွဲချက်တွေရှိနေတဲ့အတွက်ကြောင့် video ရိုက်ကူးနိုင်ဖို့ featureတွေကို ကြိုက်နှစ်သက်ဖို့ ခက်ခဲပါတယ်၊ ဗီဒီယိုကြည့်ရှုသူနှုန်းထားဟာ တဖြည်းဖြည်းမြင့်တက်လျက် ရှိနေသော်လည်း စိတ်၀င်စားဖို့ကောင်းတဲ့ ဗီဒီယိုတွေရှာကြည့်ဖို့ အချိန်မပေးနိုင်ကျပါဘူး။ Instagram ကို သုံးသပ် ကြည့်တဲ့အခါမှာ အခက်အခဲ အချို့ကို တွေ့ရှိခဲ့ပါတယ်၊ အဲဒါက Instagram ဟာ video တွေဖန်တီးအခါမှာ ပိုမို အနုပညာဆန်အောင် မလုပ်ဆောင် နိုင်တဲ့အပြင် Vine မှာပါ၀င်တဲ့ 15 second Versus 6 နှင့် ဗီဒီယိုမရိုက်ခင်မှာ ကြိုတင် စစ်ဆေးပေးတဲ့ အချက်တွေ ဟာကွဲပြားခြားနားနေပါတယ်။ ယနေ့ခေတ်မှာ ဆိုရင် app တွေ အများကြီးပေါ်ပေါက်နေပြီး အများစုဟာ အသုံးပြုရ အဆင်ပြေနေ ပါတယ်၊ Twitter ကနေ တစ်ဆင့် တစ်ကမ္ဘာလုံးကို ပို့နိုင်တဲ့ Short message ၊ သူငယ်ချင်းတွေဆီ ခေတ်ပေါ်အသုံးအနှုန်းတွေနဲ့ message ပို့လို့ရမယ့် Snapchat၊ ဗီဒီယိုဖိုင် အသေးတွေကို ပို့နိုင်မယ့် Vine app တွေရှိနေပြီ ဖြစ်ပါတယ်၊Instagram ဟာလည်း ဓာတ်ပုံတွေကို အကောင်းဆုံး ပြသဖို့နှင့် share ဖို့အတွက် အကောင်းဆုံး app တစ်ခုဖြစ်ပါတယ်၊ သို့သော်လည်း ဗီဒီယိုဖိုင်တွေ shareဖို့ အတွက် ကတော့ အဆင် မပြေ ဖြစ်နေခဲ့ပါတယ်၊ Vine ရဲ့ အချက်အလက်တွေကို Instragram မှာ ထည့်သွင်းလိုက်ခြင်းက ပိုမို ဆိုးဝါးစေခဲ့ပါတယ်၊ ကုမ္ပဏီကနေ သူတို့ရဲ့ app သို့မဟုတ် website မှာ ပြောင်းလဲမှုကြီး တစ်ခုပြုလုပ်ဖို့ ရှိတယ် လို့ ကြေညာခဲ့ပါတယ်၊ အဲ့ဒီအတွက် အကျိုးသက်ရောက်မှုက Instagram video ဟာ reviewer တွေ၊user တွေကြားမှာ အနှုတ် လက္ခဏာပြခဲ့ပါတယ်၊ Video Feature တွေကို ထုတ်ဖော်ပြသခဲ့ပြီးနောက်မှာ App ဟာ တစ်ရက်အတွင်းမှာ ကြယ် တစ်၀က်လောက် ဆုံးရှုံးသွားခဲ့ပါတယ်၊ အများစု ပြောကြတာက negative review တွေရရှိလာတာဟာ photo တွေကိုကြည့်တဲ့နေရာမှာ နှေးကွေးသွားပြီး video feature တွေက သုံးစွဲနေသူတွေ အတွက် နှစ်သက်ဖွယ် မကောငး်လို့ ဖြစ်ပါတယ်၊ အခုအခါမှာ Instagram Video ကို အပြေးအလွှား သုံးစွဲနေသူတွေ ရှိနေသော်လည်းပဲ အချိန်ကြာမြင့် လာတဲ့အခါမှာ စမ်းသပ်အသုံးပြုနေခြင်းနှင့် အသုံးမကျတဲ့ ဗီဒီယိုမှတ်တမ်းတွေကို upload လုပ်နေခြင်းက ရပ်တန့် သွားပါလိမ့်မယ်၊ အခြား တစ်ချက်အနေနှင့် အနုပညာဆန်တဲ့ ရိုက်ချက်တွေ၊ စွဲမက်ဖို့ကောင်းတဲ့ Feature တွေ ပါ၀င်တဲ့ instagram ထွက်ရှိလာဖို့ မျှော်လင့်ရပါတယ်၊ မည်သို့ပင်ဖြစ်နေပါစေ၊ Instagramဟာ video အတွက် ဘယ်လောက် ကောင်းတဲ့ စွမ်းဆောင်ချက်တွေ လုပ်ဆောင်ပေးလာမယ်ဆိုတာ အသုံးပြုသူတွေ က စောင့်ကြည့်နေဆဲပဲ ဖြစ်ပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *