How-to

မိမိတို့ Computerမှာ အသုံးမပြုစေချင်တဲ့ Softwareတွေကို Group Policyသုံးကာ ပိတ်ပင်တားမြစ်ခြင်း

စာဖတ်သူမိတ်ဆွေတို့ အသုံးပြုတဲ့ Computerမှာ တင်ထားတဲ့ Application Softwareတွေ (ဥပမာ – Gtalkတို့၊ Firefoxတို့၊ Photoshopတို့)ကို သူတစ်ပါးကို အသုံးမပြုစေချင်ဘူး၊ တားမြစ်ချင်တယ်ဆိုရင်တော့ Windows Os တွေမှာပါတဲ့၊ Group Policyကို အသုံးပြုပြီး ပိတ်လို့ရပါတယ်။ ဒီနည်းလမ်းကို Application Softwareတွေကိုသာမက Game Programတွေကိုလည်း ပိတ်ပင်တားမြစ်လို့ ရပါတယ်။ များသောအားဖြင့် ဒီနည်းလမ်းကို စာရေးသူရဲ့ မိတ်ဆွေ အများစုက သူတို့အိမ်က သားသမီးတွေ၊ ညီအစ်ကိုမောင်နှမတွေကို Gameကစားတာတို့၊ Chatting ပြောတာတို့၊ Internet အသုံးပြုတာတို့ကို မလုပ်စေချင်တဲ့ အခါမျိုးတွေမှာ အသုံးပြုကြပါတယ်။ ကဲ စလိုက်ကြရအောင်၊ ဒီဆောင်းပါးမှာ စာရေးသူဟာ Internet Explorerကို ပိတ်ပါမယ်။ အရင်ဆုံး Group Policyကို ခေါ်ဖို့ Start   Runကို အရင်ဖွင့်ပါ။ Run Boxထဲမှာ gpedit.mscဆိုပြီး ရိုက်ထည့်ပါ။ Ok နှိပ်ပါ။ Group Policy ကျလာ ပါလိမ့်မယ်။

Group Policyအောက်က Local Computer Policyအောက်မှာ Computer Configurationနဲ့ User Configuration ဆိုပြီး နှစ်ပိုင်း ပါပါတယ်။ အဲဒီထဲကမှ Computer Configurationကို ရွေးပါ၊ ပြီးရင်သူ့ဘေးက +signလေးကို click လုပ်ပါ။ Windows settingsကို ထပ်ရွေးပြီး +Signကို ထပ်နှိပ်ပါ။ Security setting ဘေးက +ကို ထပ်ဖြန့်ချပါ။ Software Prestriction Policiesကျလာပါလိမ့်မယ်။ သူ့ပေါ်မှာ right-clickလုပ်ပြီး Create New Policiesကို ရွေးပါ။

ဒါဆိုရင် Security Levelနဲ့ Additional Bulesဆိုပြီး ထပ်ကျလာပါလိမ့်မယ်။ အဲဒီထဲကမှ Additional Bulesပေါ်မှာ right-click ထပ်လုပ်ပြီး New Path Blueကို ရွေးပေးပါ။

ဒါဆိုရင် New path Bule Wizard ကျလာပါလိမ့်မယ်။ အဲဒီထဲကမှ Brouseကိုရွေှးပြီး ကျွန်တော်တို့ ပိတ်ချင်တဲ့ Program (ဒီဆောင်းပါးမှာဆိုရင် Internet Explore)ရှိတဲ့ လမ်းကြောင်းရဲ့ တည်နေရာကို ရွေပါ။ များသောအားဖြင့် Application softwareတွေကို Install လုပ်တဲ့နေရာမှာ C:\Program Files\ကိုပဲ Default Installation Folder အဖြစ် ရွေးချယ်ပြီး တင်သွားကြတာများ ပါတယ်။ ဒီဆောင်းပါးမှာတော့ Internet Explorerကို ပိတ်မှာ ဖြစ်တဲ့အတွက်၊ Internet Explorerရဲ့ main programရှိတဲ့ လမ်းကြောင်းကို Brouseနဲ့ ရွေးပြီးသွားပါမယ်။ IEဟာ ပုံမှန်အားဖြင့် C:\ Program Files\ Internet Explorerအောက်မှာ IExPLORE.EXEအဖြစ် ရှိပါတယ်။

Browseကနေ ဒီလမ်းကြောင်းကို ရွေးပေးလိုက်ပါ။ ပြီးရင်သူ့အောက်က Security Levelမှာ Disallowedကို ရွေးပါ။ ပြီးရင် Apply OKလုပ်ပါ။

Run Boxကိုခေါ်ပါ။ သူ့ထဲမှာ Gpupdateဆိုပြီး ရိုက်ထည့်ပေးပါ။ ပိုပြီး Effect ဖြစ်ချင်တယ်ဆိုရင်တော့ စက်ကို Restartချပေးပါ။

စက်ပြန်တက်လာရင်တော့ ကျွန်တော်တို့ပိတ်ခဲ့တဲ့ Programလေး (Internet Explorer)ကိုခေါ်လို့ ရတော့မှာ မဟုတ်ပါဘူး။


စာဖတ်သူ မိတ်ဆွေအနေနဲ့ ဒီ Programလေးကို ပြန်ဖော်ချင်တယ် ဆိုရင်တော့၊ Group Policyကိုပြန်ဖွင့်ပြီး Additional Rulesအထိသွားပြီး သူ့အောက်က ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ Rule Deleteလုပ်ပေးလိုက်ပါ။ Programလေး ပြန်ပေါ်လာပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *