News

တရုတ်၏ ဒုံးကျည်တိုက်ခိုက်ရေးစနစ် ကမ္ဘာတွင် အစွမ်းထက်ဆုံးဟု အမေရိကန်က ပြောကြား

ကမ္ဘာပေါ်တွင် တရုတ်စစ်တပ်သည် အသင့်အနေအထား အရှိဆုံးနှင့် အကျယ်ပြန့်ဆုံး ဒုံးကျည်တိုက်ခိုက်ရေးစနစ်ရှိကြောင်း အမေရိကန်ပြည်ထောင်စုအထိ နျူးကလီးယား ထိပ်ဖူးတပ်ကာ ပစ်ခတ်နိုင်သည့်အထိ ကျယ်ပြန့်သည်ဟု ပင်တဂွန် စစ်ထောက်လှမ်းရေး အစီရင်ခံစာတွင် ဖော်ပြထားကြောင်း Bloombeng သတင်းတစ်ရပ်အရ သိရပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၂၀၀၆ခုနှစ်ကတည်းက စစ်ရေးအသုံးစရိတ်ကို နှစ်ဆမြှင့်တင်ခဲ့ပြီး စစ်တပ်ကိုလည်း ခေတ်မှီလက်နက်ကိရိယာများ အဆင့်မြှင့် တပ်ဆင်ခဲ့ကြသည်။

တရုတ်သည် ဒုံးကျည်အသစ်များကို စမ်းသပ်ထုတ်လုပ်လျက် ရှိသည့်အပြင် ယခင်စနစ်အဟောင်းများကိုလည်း အဆင့်မြှင့်တင်လျက်ရှိပြီး ဒုံးကျည်တိုက်ခိုက်ရေး ယူနစ်များကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းကာ ဒုံးခွင်းဒုံး ကာကွယ်ရေးစနစ်ကိုလည်း ဖော်ဆောင်လျက်ရှိကြောင်း အမေရိကန် စစ်ဌာနချူပ် ထောက်လှမ်းရေး အစီအရင်ခံစာက ဖော်ပြထားသည်ဟု သိရသည်။ အမေရိကန် ပြည်ထောင်စုအထိ ပစ်ခတ်နိုင်သော တရုတ်က ပိုင်ဆိုင်သည့် နျူးကလီးယား ထိပ်ဖူးတပ် ဒုံးကျည်အစင်းရေသည် လာမည့် ၁၅နှစ်အတွင်း အစင်းရေ ၁၀၀အထိ တတ်လာနိုင်ဖွယ်ရှိကြောင်း ပင်တဂွန်က ခန့်မှန်းထားသည်။

အမေရိကန် ကာကွယ်ရေး ဗဟိုကွပ်ကဲမှုဌာနချူပ် ပင်တဂွန်က ထုတ်ပြန်သည့် ထောက်လှမ်းရေး အစီရင်ခံစာသည် ကမ္ဘာအင်အားကြီး နိုင်ငံများရှိ ဒုံးကျည်စနစ်အကြောင်းများကိုလည်း ဖော်ပြထားခြင်းဖြစ်ကာ တရုတ်အပါအ၀င် မြောက်ကိုရီးယား၊ အီရန်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့၏ ဒုံးကျည်စွမ်းရည်များကိုလည်း ဆန်းစစ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *