Gadgets, Review

Storage Devices ထုတ်လုပ်မှုမှာ ရေပန်းစားနေဆဲ Sandisk

SanDisk ဟာ Western Digital ရဲ့ အမေရိကန်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး memory cards, readers, USB flash drives, solid-state drives တွေအပါအဝင် flash memory ထုတ်ကုန်တွေ ဖြန့်ချိရောင်းချပေးပါတယ်။

ကုမ္ပဏီကို ၂၀၁၆ ခုနှစ်မှာ Western Digital လုပ်ငန်းစုကနေ ဝယ်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လမှာတော့ flash memory ဦးစားပေးထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေထဲမှာ စတုတ္ထအကြီးဆုံးဖြစ်လာခဲ့ပါတယ်။

SanDisk ကို ၁၉၈၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ SSD အခြေခံတဲ့ ၂ဒသမ၅ လက်မရှိ hard disk drive ကို IBM ကုမ္ပဏီအတွက် ပထမဆုံးစတင်ထုတ်လုပ်ပေးခဲ့ပါတယ်။ အဲဒီတုန်းက hard disk ပမာဏဟာ 20MB သာ ရှိသေးပြီး တန်ဖိုးက ဒေါ်လာတစ်ထောင်ပဲ ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်အရောက်မှာတော့ ဂျပန်နိုင်ငံက တီရှီဘာကုမ္ပဏီနဲ့ SanDisk တို့ပူးပေါင်းပြီး ဒစ်ဂျစ်တယ်ကင်မရာတွေအတွက် အဆင့်မြင့် flash memory တွေ ထုတ်လုပ်ပေးဖို့ ကြေညာခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ဝါရှင်တန်အခြေစိုက် Enogh Project အဖွဲ့ကနေ SanDisk ကို စားသုံးသူအီလက်ထရောနစ်ပစ္စည်းကုမ္ပဏီ ၂၄ ခုအနက် တတိယအမြင့်ဆုံးအဆင့်ရှိကြောင်း ထုတ်ဖော်အသိအမှတ်ပြုခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ SanDisk ပူးတွဲတည်ထောင်သူ ဟာရာရီဟာ flash memory ဖြေရှင်းနည်းတွေနဲ့ပတ်သက်လို့ ထိရောက်စွာတီထွင်ဆန်းသစ်နိုင်ခဲ့တဲ့အတွက် အမေရိကန်သမ္မတဘာရတ်အိုးဘားမားချီးမြှင့်တဲ့ နည်းပညာနဲ့ဆန်းသစ်တီထွင်မှုအမျိုးသားအဆင့်ဆုကို လက်ခံရရှိခဲ့ပါတယ်။

SanDisk အမှတ်တံဆိပ်နဲ့ ပစ္စည်းအမျိုးမျိုးကို ICT.com.mm မှာ အခုဝယ်လို့ရနေပြီနော်။

https://www.ict.com.mm/brand/sandisk/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *