Apps

၁၃နှစ်အောက်ကလေးများ အတွက် SnapKidz

Snapchatလို့ ခေါ်တဲ့ Videoနဲ့ Photo Sharingဆိုင်ရာ Appထုတ်လုပ်တဲ့ ကုမ္ပဏီက အသက် ၁၃ နှစ်အောက် ကလေးတွေ အတွက် Appအသစ် တစ်မျိုး ထုတ်လုပ်လိုက်ကြောင်း သိရပါတယ်။ App၏ အမည်မှာ Snapkidzဖြစ်ပြီး Snapchatနဲ့ လုပ်ဆောင်ချက်ခြင်း တူညီကြောင်း၊ သီးခြား Appခွဲတွေ မရှိပဲ iOSစနစ်မှာပါ အသုံးပြုနိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ အကယ်၍ Userတစ်ယောက်က Appအတွက် Registerလုပ်လာလျင် သူ၏ မွေးနေ့အား ရိုက်ထည့်ရန် လိုအပ်သလို ၁၃နှစ်နှင့် အထက် ဖြစ်နေပါက ပုံမှန် Snapchatကိုသာ ရယူနိုင်မှာ ဖြစ်ကြောင်း၊ Versionအသစ်ကို အသုံးပြုနိုင်ဖို့ရာအတွက် သင့်အနေဖြင့် Versionအသစ်ဖြစ်သော 5.01ကို Updateလုပ်ရန် လိုအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ပိုင်း Androidစနစ်တွေမှာပါ သုံးစွဲနိုင်အောင် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း သိရပြီး မိဘတွေအတွက် လုပ်ဆောင်စေချင်တဲ့ အချက်တွေကိုပါ ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။

သတိပေးချက်တွေကတော့ Snapkidzဟာ Sandboxတွေကဲ့သို့ Photoတွေ အလွယ်တကူ ရယူနိုင်ဖို့ ကူညီပေးမှာ ဖြစ်ပြီးတော့ Photo Sharingတွေကို မှားယွင်းစွာ လုပ်ဆောင်မှု မဖြစ်စေဖို့ မိဘတွေအနေနဲ့ ကြည့်ရှုသင့်ကြောင်း၊ နောက်ပြီး အသက် လိမ်ညာကာ ၀င်ရောက်မှုတွေ ရှိနိုင်ခြင်းနှင့် အချက် အလက်တွေကို လိမ်ညာကာ Shareလုပ်ခြင်းစတာတွေကို မိဘများက ဂရုစိုက်ပြီး ထိန်းကျောင်းသင့်တယ်လို့လည်း ကုမ္ပဏီက သတိပေးထားတာ တွေ့ရပါတယ်။ ယခု ဖြန့်ချိခဲ့တဲ့ Versionအသစ်က ယခင် Snapchatတွင် ကလေးများ ၀င်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိမှုအား လုပ်ဆောင်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခြင်း ဖြစ်ပါတယ်။

၂၀၁၁ခုနှစ် အတွင်း မှတ်တမ်းများအရ အသက် ၁၃နှစ်အောက် ကလေးများ၏ Facebookသုံးစွဲသူ အရေအတွက်မှာ ၇.၅ သန်းကျော်ရှိကြောင်းနှင့် လူငယ်များ၏ အတွေ့အကြုံနည်းမှုကြောင့် လိမ်ငြာ ခံရမှုများ ကြုံတွေ့နေရပြီး အဆိုပါ မှားယွင်းမှုများမှ လွတ်မြောက်စေရန် ရည်ရွယ်၍ SnapKidzအား ဖြန့်ချိခြင်း ဖြစ်ကြောင်း သိရပါတယ်။ ထို့အပြင် မိဘများမှလည်း ကလေးများအား Facebookစသော လူမှု ဆက်သွယ်ရေးဆိုင်ရာ အသုံးများ အကြောင်းကို တတ်နိုင်သလောက် အချိန်ပေး၍ သင်ပြမှုများ ပြုလုပ်သင့်ကြောင်း အကြံပေးမှုများလည်း ရှိကြောင်း သိရပါတယ်။

Ref: www.forbes.com

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

One thought on “၁၃နှစ်အောက်ကလေးများ အတွက် SnapKidz

  1. may thu kyaw says:

    ကောင်းလိုက်တာ အိမ်က ကလေးအတွက် ကောင်းတာပေါ့

Leave a Reply

Your email address will not be published. Required fields are marked *