News

တီထွင်ကြံဆချင်သူ လူငယ်များအတွက် Young Innovators Competition 2013

အသက်(၁၈)နှစ်မှ (၂၆)နှစ်အတွင်းရှိ လူငယ်များပါဝင်ယှဉ်ပြိုင်နိုင်သော ICT နည်းပညာအသုံးပြု ဆန်းသစ်တီထွင်မှု ပြိုင်ပွဲသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပမည့် ITU Telecom World 2013 ပြပွဲ၏ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများအား ITU Telecom World 2013ပြပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံရမည်ဖြစ်သည့်အပြင် ဆုငွေများလည်းချီးမြှင့်သွားမည် ဖြစ်ပါတယ်။
Young Innovators Competition 2013 ကိုစိတ်ဝင်စားသူ မည်သူမဆို ့ http://world2013.itu.int/event/innovation တွင်ဝင်ရောက်ကြည့်ရှုပြီး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်သို့ ဇွန်လ ၃၀ရက်နေ့နောက်ဆုံးထားပေးပို့ရမှာဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲနှင့် ပက်သက်သော အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အဆောင်(၁)၊ အခန်း(၃)၊ တက္ကသိုလ်များလှိုင်နယ်မြေ၊ မြန်မာအင်ဖိုလ်တက်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် – ၀၁ ၆၅၂၃၀၇ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရပါတယ်။

Related Posts

One thought on “တီထွင်ကြံဆချင်သူ လူငယ်များအတွက် Young Innovators Competition 2013

  1. may thu kyaw says:

    ကောင်းပါတယ် အကျိုး၇ှိတာပေါ့ မြန်မာတွေလဲဝင်ပြိုင်ကျရင်ကောင်းမယ်

Leave a Reply

Your email address will not be published. Required fields are marked *