News

အပြည်ပြည်ဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်း ဖွင့်လှစ်မည်

အပြည်ပြည်ဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်းအား UMFCCIနှင့် ထိုင်းနိုင်ငံ၊ ကုန်သည်စက်မှု အသင်း၏ တက္ကသိုလ်တို့မှ ပူးပေါင်း၍ ရန်ကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းမှာ သုံးကြိမ်မြောက်အဖြစ် ဖွင့်လှစ်ခြင်း ဖြစ်သည်။

သင်တန်းကို သြဂုတ်လ ၁၈ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ University of Thai Chamber of Commerce (UTCC)တွင် သင်ကြားလျက်ရှိသော အမေရိကန် တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရ ဆရာ၊ ဆရာမများအပြင် UTCCနှင့်  ချိတ်ဆက်ထားသော နိုင်ငံတကာ တက္ကသိုလ်မှ ဆရာ၊ ဆရာမများ လာရောက် သင်ကြားပေးမည် ဖြစ်သည်ဟု ဆိုသည်။

အထက်ပါ အပြည်ပြည်ဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ သင်တန်းအား ရန်ကုန်မြို့ မင်းရဲကျော်စွာ လမ်းရှိ UMFCCIတွင် ဖွင့်လှစ်မည်ဖြစ်ရာ အသေးစိတ်အချက်အလက်များ သိလိုပါက UMFCCIအသင်းချုပ်သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရပါသည်။

ပြည်ပမှ ပေးအပ်သော ဘွဲ့တစ်ခုကို ပြည်တွင်းမှာပင် တက်ရောက်သင်ကြားနိုင်မည့် အခွင့်အရေးဖြစ်သဖြင့် လက်မလွှတ်သင့်ပါ။ မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာမည့် အခြေအနေရှိသောကြောင့် ယင်းသင်တန်းမျိုးကို တက်ရောက်၍ မဟာဘွဲ့တစ်ခုကို ရယူထားသင့်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *