News

“တိုက်ပြေး”ဟု အမည်ပေးထားသည့် ဆိုက်ဘာတိုက်ခိုက်မှု သတိပေး

လုံခြုံရေးသုတေသန အဖွဲ့တစ်ခုဖြစ်သည့် Kasperssky Labsက ဆိုက်ဘာကြေးစားအဖွဲ့တစ်ဖွဲ့၏ လုပ်ဆောင်ချက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများကို ပစ်မှတ်ထားတိုက်ခိုက်မည့် တိုက်ပြေးဆိုက်ဘာ တိုက်ခိုက်မှုကို ကြုံတွေ့ရဖွယ်ရှိကြောင်း သတိပေးထားသည်ဟု သိရသည်။ Icefrogဟု အမည်ပေးထားသည့် ယင်းဆိုက်ဘာအဖွဲ့သည် တရုတ်နိုင်ငံတွင် အခြေစိုက်ထားပြီး စစ်ရေးနှင့် သင်္ဘောတည်ဆောင်မှုများ၊ ရေကြောင်းစစ်ဆင်မှုများ၊ ကွန်ပျူတာနှင့် ဆော့ဖ်၀ဲများ၊ သုတေသန ကုမ္ပဏီများ၊ ဆက်သွယ်ရေး အော်ပရေတာများ၊ ဂြိုလ်တုဆက်သွယ်စနစ် အော်ပရေတာများ၊ ရုပ်သံမီဒီယာနှင့် သတင်းမီဒီယာများကို အဓိကပစ်မှတ်ထားကာ တိုက်ခိုက် သွားလိမ့်မည်ဟု Kasper Skyက ဆိုသည်။

၄င်းဆိုက်ဘာတိုက်ခိုက်မှုကို စစ်ဆင်ရေးအသွင်ဖြင့် ၂၀၁၁ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး နှစ်အနည်းငယ်အတွင်း လုပ်ဆောင်ချက်များနှင့် တပ်ဖွဲ့၀င် အရေအတွက်များ ပိုမိုတိုးပွားလာခဲ့ကြောင်း ဝါရှင်တန်တွင် ကျင်းပသည့် ဆိုက်ဘာလုံခြုံရေး ညီလာခံတွင် အစီရင်ခံစာ ယင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။ Icefrog အဖွဲ့၏ တိုက်ခိုက်မှုပုံစံသည် အနုစိတ်လွန်းပြီး တစ်နေရာသို့ ၀င်ရောက်တိုက်ခိုက်ပြီးသည်နှင့် ခြေရာလက်ရာမကျန်၊ နောက်ကြောင်း ခြေရာမခံနိုင်စေရန် အချက်အလက်များကို ဖျက်ပြီး ထွက်ပြေး တတ်သောကြောင့် တိုက်ပြေးမှု အမည်ပေးထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ကုမ္ပဏီတစ်ခုခု၏ ဒေတာအချက်အလက်များကို ရယူလိုလျှင် ကုမ္ပဏီထဲသို့ အီးမေးလ်တစ်စောင် ပို့လိုက်ပြီး တစ်ဦးဦးက ယင်းအီးမေးလ်ကို ဖွင့်ကြည့်လိုက်သည်နှင့် Passwordများကို ရယူနိုင်ပြီး အခြားသိလိုသည့် အကြောင်းအရာများကို နှိုက်ထုတ်သွားနိုင်ကြောင်း Kaspersky အဖွဲ့က သတိပေးထားသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

2 thoughts on ““တိုက်ပြေး”ဟု အမည်ပေးထားသည့် ဆိုက်ဘာတိုက်ခိုက်မှု သတိပေး

  1. MPT ကိုတော့တိုက်လို့မရပါဘူး လိုင်းမကောင်းလို့

Leave a Reply

Your email address will not be published. Required fields are marked *