News

မြောက်ကိုရီးယား ဆိုက်ဘာတိုက်ခိုက်မှုများကြောင့် တောင်ကိုရီးယား ဒေါ်လာသန်း ၈၀၀ကျော်ဆုံးရှုံးခဲ့ဟုပြော

ပြီးခဲ့သည့် နှစ်များတွင် မြောက်ကိုရီးယား၏ ထောင်ပေါင်းများစွာသော ဆိုက်ဘာတိုက်ခိုက်မှုများ ကြောင့်တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး ဒေါ်လာ ၈၀၅သန်းခန့် ဆုံးရှုံးစေခဲ့သည်ဟု တောင်ကိုရီးယား ဥပဒေ ပြုအမတ် တစ်ဦးကအစိုးရအချက်အလက် များကို ကိုးကားပြီးပြောကြားခဲ့ သည်ဟုသိရသည်။

“ဓါတုပစ္စည်း သိုလှောင်တဲ့ အဆောက်အအုံ တွေအပါအ၀င်ကျွန်တော်တို့ နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ နဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ဘ႑ာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေခိုးယူခံခဲ့ရတယ် “ ဟုအာဏာရပါတီ မှလွှတ်တော်အမတ် တစ်ဦးဖြစ်သည့် ချောင်ဟီဆို ကပြော ကြားခြင်းဖြစ် သည်။ မြောက်ကိုရီးယားသည် ၂၀၁၀ပြည်နှစ် နောက်ပိုင်းတွင် တောင်ကိုရီးယား စစ်တပ်တစ်ခုတည်းကို ပစ်မှတ်ထားပြီး ဆိုက်ဘာတိုက်ခိုက်မှု ၆၃၉၂ ခုပြုလုပ်ခဲ့သည်ဟု ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်ရှိ ဆိုက်ဘာ စစ်ဆင်ရေးတပ်ဖွဲ့ ကပေးပို့သည့်သတင်း အချက်အလက်များကို ကိုးကားပြီး ချောင်ကလွှတ်တော်သို့ပြော ကြားခဲ့သည်။

ဆိုက်ဘာတိုက် ခိုက်မှုများတွင် ဗိုင်းရပ်စ် ပါ၀င်သည့် အီးမေးပေးပို့ခြင်းဖြင့် ၀က်ဘ် ဆိုက်များကိုတိုက်ခိုက်မှုများ ပါ၀င်သည်ဟု ၄င်းကပြောကြားခဲ့သည်။တောင်ကိုရီးယားနိုင်ငံရှိ ဆိုက်ဘာတပ်ဖွဲ့ ကိုအထူး ၀န်ထမ်း ၄၀၀ခန့်ဖြင့်ဖွဲ့စည်း ထားစဉ်တွင် မြောက်ကိုရီးယားသည် ၀န်ထမ်း ၃၀၀၀ကျော်ပါ၀င်သော လက်ရွေးစင် ဆိုက်ဘာ တပ်ဖွဲ့ဖြင့် ဆိုက်ဘာတိုက်ခိုက်မှု များပြုလုပ်ခဲ့သည် ဟုထင်မှတ်ရသည်။

“ဆိုက်ဘာတိုက်ခိုက်မှုမှာ မြောက်ကိုရီးယားက ကမ္ဘာအကောင်းဆုံး နိုင်ငံတစ်ခု လို့ဆိုပေမယ့် လည်းဒီလို ဆိုက်ဘာ တိုက်ခိုက်မှုတွေ ကိုကျွန်တော် တို့ရဲ့ ဆိုက်ဘာစစ်ဆင်ရေး တပ်ဖွဲ့က ကာကွယ်နိုင်ပါတယ်” ဟုချောင်ကပြော ကြားခဲ့သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားစစ်တပ် အဖွဲ့အစည်းများအပြင် စီးပွားရေးဘဏ်များ၊ အစိုးရအေဂျင်စီများ၊ အသံလွှင့်ဌာနများနှင့် မီဒီယာ၀က်ဘ်ဆိုက်များ ကိုဆိုက်ဘာတိုက်ခိုက်မှုများပြု လုပ်ခဲ့သည်သိရသည်။၂၀၀၉ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယား၏ ဆိုက်ဘာတိုက်ခိုက် မှုကြောင့် တောင်ကိုရီးယားနိုင်ငံ ၏စီးပွားရေး ဒေါ်လာ၈၀၅သန်းထိခိုက် နစ်နာခဲ့ရ သည်ဟု ချောင် ကပြောကြားခဲ့သည်။

မြောက်ကိုရီးယားကမူ မည်သည့်ဆိုက်ဘာ တိုက်ခိုက်မှုမျိုးကိုမှ ပြုလုပ်ခဲ့ခြင်း မရှိဟုငြင်းဆိုခဲ့ ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာ စေရန်အတွက် တောင်းကိုရီးယားက လုပ်ဇာတ်ခင်းခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *