News

၂၀၁၃ ကမ္ဘာလုံးဆိုင်ရာ ဆရာများအဆင့် စင်ကာပူနိုင်ငံ အဆင့် (၇)ချိတ်

၂၀၁၃ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဆရာများ အဆင့်အတန်းအညွှန်းတွင် စင်ကာပူနိုင်ငံက အဆင့် (၇)နေရာတွင်ရှိကြောင်း သိရသည်။ အဆင့်သတ်မှတ်မှုအရ စင်ကာပူသည် ဖင်လန်၊ အမေရိကန်နှင့် ဂျပန်တို့ကဲ့့သို့သော အခြားသော ပညာရေးအခြေခိုင်နေသည့် နိုင်ငံများကို ကျော်လွန်သွားသည်ဟု ဆိုသည်။ Varkay Gems ဖောင်ဒေးရှင်၏ လေ့လာဆန်းစစ်ချက်အရ ဆရာများ၏ အဆင့်အတန်းနှင့် သဘောထားအပေါ် စစ်ဆေးကာ နှိုင်းယှဉ်၍ လေ့လာဆန်းစစ်ခဲ့ခြင်းလည်း ဖြစ်သည်။ လေ့လာဆန်းစစ်မှုပြုရာတွင် နိုင်ငံတစ်နိုင်ငံစီရှိ ပါ၀င်ဖြေကြားသူ ၁၀၀၀ခန့်၏ သိမြင်နားလည်မှုနှင့် အဆင့်အတန်းကို ကြည့်ရှုစစ်ဆေးခြင်းလည်း ဖြစ်သည်။

ယင်းလေ့လာဆန်းစစ်မှုအရ ဆရာများ၏ ကိုယ်ပိုင်အမျိုးသားပညာရေးစနစ်နှင့် အရည်အသွေးအပေါ် ယုံကြည်ကိုးစားမှုတွင် စင်ကာပူသည် ဖင်လန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့၏ နောက်တတိယနေရာတွင်ရှိကြောင်း သိရသည်။ စင်ကာပူနိုင်ငံရှိ ပါ၀င်ဖြေကြားသူ ၄၅ရာခိုင်နှုန်းကလည်း ကျောင်းသားများသည် ဆရာမများကို လေးစားမှုရှိသည်ဟု ယုံကြည်ကြသည်။ ယင်းသည် အမေရိကန်ပြည်ထောင်စု သို့မဟုတ် ဥရောပရှိ မည်သည့်နိုင်ငံနှင့်မဆို နှိုင်းယှဉ်ပါက ပိုမိုသာလွန်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *