News

ဒုတိယကြိမ်မြောက် BarCamp Pyay 2013 ကို စည်းကားစွာ ကျင်းပသွားမည်

barcamp-pyay-2013

အဆိုပါ BarCamp Pyay 2013 ရဲ့ ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၅ရက်နေ့။ မနက် (၉)နာရီမှာ အ.ထ.က(၁) ပြည်မြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါသောကြောင့် အသက်အရွယ် လူတန်းစားမရွေး၊ လူကြီး၊ လူငယ် လာရောက် လေ့လာ တက်ရောက်နိုင်ကြောင်း သိရသည်။ BarCamp ဆိုတာသည်မှာ မိမိ သိထား၊ တတ်မြောက်ထားသော နည်းပညာများကို သူတစ်ပါးကို မျှေ၀ပေး အသိပညာ၊ အတတ်ပညာဆိုင်ရာ ပညာရပ်များကို နှီးနှောဖလှယ်ခြင်း တတ်မြောက်ထားသော နည်းပညာ များကို ဆွေးနွေးတိုင်ပင် လက်ခံတိုင်ပင် ေ၀မျှ ဆွေးနွေးပွဲတစ်ရပ်ကို ဆိုလိုသည်။

နေရာဒေသအသီးသီးမှ BarCampသို့ လာရောက်သူတို့သည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကွန်ပျူတာ နည်းပညာတွေ၊ သိပ္ပံပညာ၊ ကျန်းမာရေး၊ ဥပဒေပညာ၊ လောကနီတိ၊ စီမံခန့်ခွဲရေး၊ အနုပညာ၊ သဘာ၀ပတ်၀န်းကျင်၊ စိုက်ပျိုးရေး၊ စက်မှုလက်မှု အတက်ပညာတွေ စသဖြင့် နယ်ပယ်အားလုံးကို တက်ရောက် လေ့လာနိုင်သလို မိမိနယ်ပယ်အတွင်း လေ့လာတွေ့ရှိချက်၊တတ်မြောက်မှုတွေကိုလည်း ပြန်လည်တင်ပြ ဆွေးနွေးသူအဖြစ်လည်း ပါ၀င်နိုင်သည်။ မြန်မာနိုင်ငံမှာ BarCamp Yangonကို 2010 ဇန်နဝါရီ ၂၃ – ၂၄ ရက်နေ့များမှာ စတင်ပြုလုပ်ခဲ့ပြီး တက်ရောက်သူ ၄၇၀၀ကျော်နဲ့ ကမ္ဘာ့ တက်ရောက်သူဦးရေ အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်းသိ အဲဒီနောက် မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ လားရှိုး၊ ပြည်နှင့် လွိုင်ကော် မြို့တို့မှာ ကျင်းပပြုလုပ်နေပြီ ဖြစ်ပါတယ်။

ယခုအခါ ပြည်မြို့တွင် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး၊ ယခင်နှစ်ကထက် စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည်ဟု သိရသည်။ ယခင်နှစ်က BarCamp Pyayသို့ တက်ရောက်သူ ဦးရေ ၆၀၀နီးပါး တက်ရောက်ပြီး အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ကြောင်း သိရသည််။ BarCamp Pyay 2013 ကျင်းပရေးအတွက် Organizer Teamအား (24.3.2013)နေ့ (Lucky Diamond)တွင် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။BarCamp Pyay 2013သို့ တက်ရောက် လေ့လာလိုသူများအနေနှင့် Online Registrationကို BarCamp Pyay၏ Official Website ဖြစ်သော www.barcamppyay.orgမှာ ၂၀၁၃ခုနှစ် မေလတတိယပတ်မှ စတင်ပြီး စာရင်းပေးသွင်းနိုင်မည် ဖြစ်ပြီးသလို ပါ၀င်ဆင်နွှဲကြမည့် BarCamper များအတွက် ထူးခြားသော အမှတ်တရ လက်ဆောင်များလည်း ပေးသွားမည် ဖြစ်သည်ဟု သိရသည်။

BarCamp ပွဲတိုင်း၏ ထုံးတမ်းအစဉ်အလာအရပွဲတွင် ဆွေးနွေးပြောကြား သွားမည့် Topic ခေါင်းစဉ်များကို ကြိုတင် ပြောလေ့မရှိသော်လည်း ဒီနှစ် BCP 2013မှာ ပြောကြားလိုတဲ့ Speakerတွေ အနေနဲ့ မိမိတို့ ပြောလိုတဲ့ Topicကို ကိုယ်ပိုင် Blog၊ Social Networkများမှာ ကြိုတင် ကြေညာနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထူးခြားသော အစီအစဉ် များနှင့် ပြင်ဆင်ထားသည့် Bar Camp Pyay 2013ပွဲကြီးကို ပြည်မြို့တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်ကျင်းပသွားမည်ဟု သိရသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *