News

လေကြောင်း သတင်းပြန်ကြားရေး ဌာနခွဲမှာ အိုင်အက်စ်အို လက်မှတ်ရရှိတော့မည်

air-pot

ပို့ဆောင်ရေး ၀န်ကြီးဌာန လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရှိ လေကြောင်း သတင်း ပြန်ကြားရေးဌာနခွဲဟာ မကြာမီ နိုင်ငံတကာစံချိန်စံညွှန်း
အရည်အသွေး စီမံခန့်ခွဲမှုဖြစ်တဲ့ ISO 9001-2008 လက်မှတ်ကို ရရှိတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အိုင်အက်စ်အို လက်မှတ် လာရောက် ချီးမြှင့် ဖို့လည်း သတင်း ပြန်ကြားရေး ဌာနခွဲကို ဗြိတိန်နိုင်ငံ အခြေစိုက် International Standard Orgaization မှ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ လေကြောင်း သတင်းပြန်ကြားရေး ဌာနခွဲဟာ လာမယ့် ၂၀၁၆ ခုနှစ်မှ စတင်ပြီး လေကြောင်း သတင်းပြန်ကြားရေး လုပ်ငန်းမှ လေကြောင်း သတင်းပြန်ကြားရေး လုပ်ငန်းမှ လေကြောင်း သတင်း စီမံခန့်ခွဲမှု စနစ်သို့ ကူးပြောင်းဖို့ စီစဉ်နေပြီ ဖြစ်တယ် လို့လည်း သိရပါတယ်။
အဲ့ဒီ လေကြောင်း သတင်းပြန်ကြားရေး ဌာနခွဲဟာ ယခင်က နိုင်ငံတကာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် အိုင်စီအေအိုရဲ့ သတ်မှတ် လမ်းညွှန်ချက် များနဲ့အညီ လေကြောင်း သတင်း ပြန်ကြားရေး လုပ်ငန်းများ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ယခုအခါ ပြည်တွင်းမှ ထုတ်ပြန်တဲ့ လေကြောင်း သတင်း များနဲ့ နိုင်ငံတကာမှ လေကြောင်း သတင်းများကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းကာ စံချိန်စံညွှန်း မီစွာ ထုတ်ပြန်လျက် ရှိတယ်လို့ သတင်းရ ရှိပါတယ်။

One thought on “လေကြောင်း သတင်းပြန်ကြားရေး ဌာနခွဲမှာ အိုင်အက်စ်အို လက်မှတ်ရရှိတော့မည်

  1. Myo Thiha says:

    ISO ဘယ်လောက်ရတော့မလဲ။ ISO 9001 ကတော့ out of date ဖြစ်နေပြီ။version အသစ်နဲ့ ဆိုရင်တော့ တော်တော်ကောင်းမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *