News

ပြည်တွင်း ရွေှဈေး ဆက်တိုက် ကျဆင်းနေ

Myanmar Gold

ကမ္ဘာ့ ရွေှဈေး ဆက်တိုက် ကျဆင်းမှုနှင့်အတူ ပြည်တွင်း ရွေှဈေးမှာလည်း ရက်သတ္တပတ် နှစ်ပတ်အတွင်း နေ့စဉ် ကျဆင်းနေသောကြောင့် ရွေှဈေးကွက်အတွင်း အခေါက်ရွေှတစ်ကျပ်သားလျှင် ၆၈၀,၀၀၀ကျပ်အထိ ဖြစ်သွားကြောင်း သိရသည်။ ကမ္ဘာ့ရွေှဈေးပေါ် မူတည်ပြီး ပြည်တွင်း ရွေှဈေး ပြန်တက်ရန် ခန့်မှန်းထားသော်လည်း ယခင်နှစ်များက ကဲ့သို့ ရွေှဈေးကောင်းရန် မဖြစ်နိုင်တော့ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ရွေှလုပ်ငန်းရှင်များ အသင်းအလုပ်အမှုဆောင် ဦးအေးချိုက ပြောကြားသည်ဟု သိရသည်။

ပြည်တွင်း ရွေှဈေးဆက်တိုက် ကျဆင်းနေသောကြောင့် ဈေးကွက်တွင် အရောင်းအဝယ် မျှနေပြီး ဝယ်လိုအား ပြန်လည် မြင့်တက်လာကြောင်းလည်း လက်ကားရွေှကုန်သည် တစ်ဦးက ပြောကြားသည်။ ပြင်ပ ငွေကြေးဈေးကွက်အတွင်း အမေရိကန် ဒေါ်လာလဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ကျပ် တစ်ထောင် အထိ မြင့်တက်သွားသည့် အချက်မှာလည်း ရွေှဈေးကွက် သဘောတရားအရ ပြည်တွင်း ရွေှဈေးကျဆင်းရခြင်း အကြောင်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂၁ရက်နေ့က ပြည်တွင်း အခေါက်ရွေှ တစ်ကျပ်သားလျှင် ၆၉၇,၂၀၀ကျပ်နှင့် ကမ္ဘာ့ရွေှတစ်အောင်စလျှင် ၁၂၉၆ဒေါ်လာ ဖြစ်ပြီး၊ ဇွန်လ ၂၇ရက်နေ့တွင် ပြည်တွင်း အခေါက်ရွေှ တစ်ကျပ်သားလျှင် ၆၈၀,၀၀၀ကျပ်နှင့် ကမ္ဘာ့ရွေှ တစ်အောင်စလျှင် ၁၂၃၀ ဒေါ်လာအထိဖြစ်သွားရာ ကမ္ဘာ့ဈေးရော ပြည်တွင်းဈေးပါ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

2 thoughts on “ပြည်တွင်း ရွေှဈေး ဆက်တိုက် ကျဆင်းနေ

  1. may thu kyaw says:

    ရွှေ 1ပိသာလောက်သွားဝယ်အုံးမယ်…..

  2. ei hnin phyo says:

    ကောင်းတာပေါ့ ဒီထက်များများထက်ကျရမှာ အဲဒါမှအားလံုးအစဉ်ပြေမှာ

Leave a Reply

Your email address will not be published. Required fields are marked *