Apps

ရေခဲမုန့်နဲ့ တယောသံ

နယူးယောက်အခြေစိုက် ရေခဲမုန့်ကုမ္ပဏီ Häagen-Dazsဟာထူးခြားစွာပဲ Music Businessလောကထဲ ၀င်ရောက်လာပြီ ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီက မိတ်ဆက်ပွဲထုတ်ခဲ့တဲ့ Concerto Timerလို့ခေါ်တဲ့ iPhone Appလေးဟာ အသုံးပြုသူအနေနဲ့ Appကိုဖွင့်ပြီး ကင်မရာကို Häagen-Dazsရေခဲမုန့်ရဲ့ တစ်နေရာရာချိန်လိုက်ရင် သာယာငြိမ့်ညောင်းတဲ့ Virtualတယောသံနဲ့ ကွန်ဆာတိုဂီတကို စီးမျောခံစားနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါAppထဲက Musicianဟာ နှစ်မိနစ်သာ ဖြေဖျော်မှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ရေခဲမုန့်စားဖို့ အကောင်းဆုံးအခြေအနေ အချိန်အတိုင်းအတာဟာ နှစ်မိနစ်သာဖြစ်ပါတယ်လို့ Häagen-Dazsက ပြေကြားခဲ့ပါတယ်။ အဆိုပါ Appလေးကို ဒီနေရာမှာ အခမဲ့ရယူနိုင်ပါတယ်။ စိတ်ကူးကောင်းပေမယ့် အဆိုပါAppလေးဟာ တကယ်ပဲ အသုံး၀င်ပါ့မလားဆိုတာ မြန်မာအိုင်စီတီပရိသတ်ကြီးကပဲ ထင်မြင်ချက်တွေ ပေးပါဦးဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *