Apps

ဓာတ်ပုံမှာ ဘောင်ခွေပေးလိုက်မယ်

ဒစ်ဂျစ်တယ်ကင်မရာတွေပေါ်လာလို့ ဓာတ်ပုံတွေရိုက်လိုက် ဆိုင်မှာကူးလိုက်နဲ့ကြာတော့ ဓာတ်ပုံတွေ ပြန်ကြည့်ရတာ ရိုးသလိုတောင် ဖြစ်လာပါတယ်။ နောက်တစ်ခါ ဓာတ်ပုံထုတ်ရင် 4×6 ပုံရိုးရိုးကြီး မလုပ်ဘဲ ဘောင်ခတ်ပေးလိုက်ရအောင်။ Photo Frame Maker (www.photofermemaker.com) လို့ဆော့ဖ်ဝဲလေးနဲ့လုပ်ဆောင်နိုင်ပါတယ်။ ဖိုင်အရွက်အစား 3MB မကျော်လို့ download ချရတာ လည်းလွယ်ပါတယ်။ လေးထောင့်ပုံ အဝိုင်းစသည် (Texture.Color,Cold) အုပ်စုများခွဲပြီ frame အတော်များများ အဆင်သင့်ပေးထားပါတယ်။

ဘောင်ခတ်ပြီးရင်လည်းပုံကိုလှည့်နိုင်ပါတယ်။ မလိုတဲ့နေရာကို ဖြတ်တောက်နိုင်ပါတယ်။ အလင်းအမှောင်စတာတွေ ချိန်နိုင်ပါ သေးတယ်။ ဘောင်နောက်ခံကို ခပ်မှိန်မှိန်ထားမလား။ အလင်းဖောက်ထားမလား။ Backgroundရဲ့ opacity ကို ချိန်ညှိပေးနိုင် ပါတယ်။ ဓာတ်ပုံနဲ့ပတ်သက်တဲ့ စာသားလည်းရိုက်ထည့်ပေးနိုင်ပါတယ်။ စာသားထည့်ရာမှာစာလုံးအမျိုးအစား အရောင်စုံခြယ်သ ပေးနိုင်ပါတယ်။ စာသားကိုဓာတ်ပုံရဲ့အောက်ခြေမှာထားမှာလား အပေါ်မှာထားမလား မောက်စ်နဲ့တွန်း ရွေ့ရုံပါ။ တကယ်သာ register လုပ်ယူတဲ့ဆော့ဖ်ဝဲဆိုရင် frame တွေ အများကြီးရမှာပါ။ ZeallSoftInc.က ထုတ်လုပ်ပါတယ်။ သင်မဝယ်ချင်သေးရင် ရက်အနည်းငယ် အခမဲ့သုံးနိုင်ပါတယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *