Gaming

Saints Row

Saints-Row

ဂိမ်းကတော့ Actionပါ၊ ဒါပေမယ့် ရသအစုံ ပါ၀င်ပါတယ်။ ၂၀၀၆ ခုနှစ် က စထွက်ခဲ့တာ အခုဆို Saints Row IV ဖြစ်ခဲ့ပါပြီ။ ထွက်လာတိုင်း ဇာတ်လမ်းတွေက ကွဲပြားလာတာဆိုတော့ ဒီတစ်ခေါက်လည်း ဘာတွေ ပါလာဦးမလဲပေါ့။ ဒီဂိမ်းက နည်းနည်း ထူးဆန်းတယ်ဆိုတာ ပြောပြချင် တယ်။ ဘယ်လို ထူးတာလဲဆိုရင် GTAဂိမ်းကို သိကြမှာပါ။ သူ့လောက် ဂိမ်းကစားရတာ လွတ်လပ်တဲ့ဂိမ်း မရှိသေးသလောက်ပါပဲ။ Open World ဂိမ်းတွေထဲမှာ GTAက ကစားရတာ တော်တော်လွတ်လပ်ပါတယ်။ သွားချင်တဲ့ နေရာကို သွားပြီး လုပ်ချင်တာကို လုပ်လို့ရပါတယ်။ သို့သော် GTAက ဆော့သာ ဆော့နေရတာ ဂိမ်းရဲ့ ဦးတည်ချက် မရှိပါဘူး။ Saints Rowက ဆော့ရတာ လွတ်လပ်ပါတယ်၊ လုပ်ချင်တာလည်း လုပ်လို့ရတဲ့ အပြင် (ဂိမ်းထဲမှာ ပြောတာပါ) လူသားနေတဲ့ ကမ္ဘာကို နယ်မြေလုကြတဲ့ ဂြိုလ်သားတွေကို နှိမ်နှင်းရတဲ့ Themeလေးပါနေတော့ ဦးတည်ချက်လေး တစ်ခု ရှိတဲ့အတွက် ကစားရတာ မိုက်ပါတယ်။ GTAက မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး။ GTAထက် ကစားရတာ လွတ်လပ်ပြီး ဦးတည်ချက် ရှိတဲ့ Action၊ Open-World၊ စွန့်စားမှု စတဲ့ ရသတွေပေးတဲ့ ဂိမ်းတစ်ခုဖြစ် နေလို့ ညွန်းနေမိတာပါ။

ဖန်တီးမှု အသစ်တွေနဲ့ ဂိမ်းအသွင်အပြင်၊ အမြင်ဆန်းဆန်းတွေ မြင် တွေ့ရမယ့် မကြာမီ ဂိမ်းမာတွေ လက်ထဲထည့်ပေးတော့မယ့် Saints Row IVကို ၂၀.၈.၂၀၁၃ခုနှစ်မှာ ကစားနိုင်ဖို့အတွက် တာဝန်နှစ်ခုကို Deep Silverက ယူထားပါတယ်။ Developer၊ Publisher အဖြစ်နဲ့ပါ Deep Silverက တာ၀န်ယူ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဂိမ်းမာတွေအတွက် အတော်လေး ပြင်ဆင်ထားတဲ့ Saints Row IVက အထူးအဆန်းတွေ ပါလာမှာ သေချာပါတယ်။ အရင်လို လူသားအချင်းချင်း တိုက်ခိုက်တာ မဟုတ်တော့ဘဲ ဂြိုလ်သားတွေနဲ့ တိုက်ခိုက်ရတာရယ်၊ လက်နက်အသစ် တွေရဲ့ အထင်ကရရှိတဲ့ နေရာတွေမှာ ဂိမ်းကို ဇာတ်အိမ်တည်တာတွေက မတူတော့တာ သေချာပါတယ်။ ပိုပြီးလန်းတာက သိပ္ပံဇာတ်လမ်းတွေမှာ ပါတဲ့ ၀တ်စုံခပ်ဆန်းဆန်းတွေ၊ တစ်ချက်ပစ်တာနဲ့ တစ်ကိုယ်လုံး အရည် ပျော်သွားတဲ့ Dubstep Gunတွေရယ်၊ အမိုက်စား ဆိုင်ကယ်ကြီးတွေ ပါလာတာကြောင့် ကစားရတာ ဘယ်လိုလဲ ဆိုတာ ထွက်လာတဲ့နေ့မှပဲ ဆုံးဖြတ်ကြည့်ကြပါလို့ ပြောချင်ပါတယ်။ ဂိမ်းရဲ့ဇာတ်လမ်းက ကမ္ဘာပေါ်ကို ဂြိုလ်သားတွေ ရောက်လာတယ်၊ ဖျက်ဆီးကြတယ် လူတွေကို သတ်ကြ တယ်။ ဒါတွေကို ကာကွယ်ဖို့အတွက် ကမ္ဘာမြေပေါ်မှာ Saintsတွေ ရှိကြ တယ်။ အဲဒီမှာ Saintsတွေက ဂြိုလ်သားတွေကို ပြန်လည် တိုက်ခိုက်ကြ တယ်။ ဒီလိုလေးပါ။ ဒါပေမဲ့ Saintsတွေက စွမ်းအားရှိတဲ့ လူတွေပါ။ ဒါမှလည်း ဂြိုလ်သားတွေကို ပြန်တိုက်နိုင်မှာပေါ့။ ဂိမ်းက Open-World ဖြစ်နေတာကြောင့် မြေပေါ်မှာတင် မဟုတ်ဘဲ လေပေါ်မှာပါ ပျံသန်းနိုင် ပါတယ်။ လက်နက်အသစ်တွေ တွေ့ရမယ်၊ ရန်သူအသစ်တွေ တွေ့ရမယ်။ ဇာတ်လမ်းက အသစ်ဖြစ်သွားတယ်စတဲ့ အသစ်အဆန်းတွေကြားမှာ ဆော့နိုင်ဖို့အတွက် ရသစုံနေတဲ့ Saints Row IVကို Previewလေး သိနိုင်ဖို့ အတွက် တင်ဆက်ပေးလိုက်ရပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *