Gaming

ROAD TO NINJA

images.saiyanisland.com

Naruto Shippuden – Road to Ninja ရုပ်ရှင်ဟာ ကိုးကားမြောက် Naruto ရုပ်ရှင်ဖြစ်ပြီး Naruto Shippuden အနေနှင့် ကြည့်မယ် ဆိုရင်တော့ ခြောက်ကားမြောက် ဖြစ်ပါတယ်။ Japan နိုင်ငံမှာ ရုံတင်ပြသခဲ့စဉ်က စုစုပေါင်း ရုံဝင်ငွေ ယန်းငွေပေါင်း သန်းတစ်ထောင့် လေးရာကျော် (US ဒေါ်လာ 15 သန်းခန့်) ဝင်ငွေ ရရှိခဲ့ပြီး အအောင်မြင်ဆုံး Naruto ရုပ်ရှင် ဇာတ်ကားအဖြစ် စံချိန်တင်ခဲ့တဲ့ Animation ဇာတ်လမ်းပါ။ ၂၀၁၂ ခုနှစ် အတွင်းက စတင်ပြသခဲ့တာဖြစ်ပြီး DVDနှင့် BluRay ကတော့ မေလ အတွင်းမှာ ထွက်ရှိခဲ့ကာ မကြာခင်က English ဘာသာစကားဖြင့် ထွက်ရှိခဲ့ပါတယ်။

အရင်တုန်းက Naruto ရုပ်ရှင်ဇာတ်လမ်းအားလုံးဟာ မူရင်း Naruto Series ဖန်တီးရှင် Masashi Kishimotoရဲ့ ဇာတ်လမ်းကို မှီငြမ်းထားတာ မဟုတ်ဘဲ ရုပ်ရှင်အတွက် သီးသန့် Villainတွေ ဖန်တီးပြီး Narutoနှင့်အတူ အခြား Konoha ရွာမှ Shinobiများနှင့် တိုက်ပွဲ ဝင်ရပုံတွေကိုသာ အဓိက ဇာတ်လမ်း ဆင်ထားတဲ့အတွက် Animation Quality ပိုကောင်းပြီး တိုက်ခိုက်ခန်းတွေ ကြည့်ကောင်းရုံက လွဲလို့ စိတ်ဝင်စားဖွယ် ကောင်းတဲ့ ဇာတ်လမ်းတွေ နည်းတာ တွေ့ရမှာပါ။ အခု Road to Ninja ရုပ်ရှင်ကတော့ Kishimoto ကိုယ်တိုင် ဇာတ်ညွန်း ရေးသားပေးထားတာ ဖြစ်သလို မြင်နေကြ ဇာတ်ကောင်အများစုကို မတူညီတဲ့လောကမှ စရိုက် ကွဲပြားသူတွေအဖြစ် ဖန်တီးပေးထားတဲ့အတွက် Road to Ninja Movieကို Naruto ပရိသတ်အများစုက မထွက်ခင်ကတည်းက အထူး စောင့်မျှော်နေကြရခြင်း ဖြစ်ပါတယ်။

ယခင် Naruto Movieတွေကို ကြည့်တဲ့အခါ Naruto ဇာတ်လမ်းကို သိပ်မသိလည်း Actionခန်းတွေပဲ ကြည့်ရင် အဆင်ပြေပေမယ့် အခု Road to Ninja ရုပ်ရှင်ကတော့ Battle Sceneတွေအတွက် သီးသန့်ကြည့်ရင် ဇာတ်ကောင်တွေအကြောင်း မသိထားလည်း အဆင်ပြေမှာ ဖြစ်ပေမယ့် Naruto ဇာတ်လမ်းနှင့် ဇာတ်ကောင်များကိုပါ ရင်းနှီးပြီးသားဆိုရင်တော့ ရုပ်ရှင်ကြည့်ရတာ အရသာ ပိုရှိမှာပါ။ ဇာတ်လမ်းအစမှာတင်ပဲ သေဆုံးပြီးပြီလို့ ယူဆရတဲ့ Akatsuki အဖွဲ့ဝင်များနှင့် Naruto အပါအဝင် Sakura ၊ Sai ၊ Shikamaruနှင့် အခြား Konoha Shinobiများရဲ့ တိုက်ပွဲဖြင့် စတင်ထားပါတယ်။

နောက်ပိုင်းမှာတော့ မိမိကိုယ်ကို Uchiha Madaraလို့ ခေါ်ထားတဲ့ Tobiနှင့် Zetsuတို့ဟာ Zetsuရဲ့ ခန္ဓာကိုယ်အတွင်းမှ Nine-tailed fox Kyuubi Chakraကို လိုချင်တဲ့အတွက် White Zetsuများကို အသုံးပြုလျက်ရှိကြောင်း တွေ့ရှိရပြီး Tobiဟာ သူရဲ့ စိတ်ညှို့တဲ့ Genjutsu အစွမ်းဖြင့် Narutoနှင့် Sakuraတို့အား ပုံစံ ကွဲပြားတဲ့ Konoha ရွာကို ပို့ဆောင်ခဲ့ပြီး Naruto စိတ်ညှို့ခံထားရတဲ့ Genjutsu ကမ​ာ်ဘအတွင်းမှာပဲ Nine-Tailed Foxကို အရယူဖို့ စီစဉ်ခဲ့ပါတယ်။ Narutoနှင့် Sakuraတို့ နှစ်ယောက်ဟာ သူတို့ သိပြီးသား Konoha ရွာနှင့် ကွဲပြားနေတဲ့ Genjutsu Worldအတွင်းမှာ စိတ်ဝင်စားဖွယ် အဖြစ်အပျက်မျိုးစုံ ရန်သူမျိုးစုံနှင့် ရင်ဆိုင်ပြီး Tobiရဲ့ လက်အောက်မှ လွှတ်မြောက်ဖို့ ကြိုးပမ်းရမှာပါ။

Road to Ninja ဇာတ်လမ်းဟာ Akatsuki အဖွဲ့ဝင် Pain အနေနှင့် Konoha ရွာကို ဝင်ရောက် တိုက်ခိုက်ပြီးချိန်မှာ နေရာယူထားတယ် ပြောလို့ ရပေမည့် Fourth Shinobi War ကာလအတွင်း အဖြစ်အပျက် အချို့လည်း ပါဝင်တဲ့အတွက် မူရင်းဇာတ်လမ်းနှင့် တိုက်ရိုက် ဆက်စပ်မှု မရှိတဲ့ ကြားကာလမှာ နေရာယူထားတယ်လို့ ပြောရမှာပါ။ ဇာတ်လမ်းရဲ့ အဓိက ဆွဲဆောင်မှု အရှိဆုံး အပိုင်းကတော့ ပုံစံ လုံးဝ ပြောင်းလဲနေတဲ့ Narutoတို့ရဲ့ သူငယ်ချင်းတွေပါပဲ။ ညဏ်အကောင်းဆုံး ဇာတ်ကောင် ဖြစ်တဲ့ Shikamaruကို ပေါ်တောတော ကြောင်တောင်တောင်အဖြစ် မြင်တွေ့ရတာ၊ ခွေးချစ်တဲ့ Kibaနှင့် ရှက်တတ်တဲ့ Hinataတို့ဟာလည်း ပုံမှန်စရိုက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာတွေက ကြည့်ကောင်းပါတယ်။ ဇာတ်လမ်း အလယ်ပိုင်း ကျော်ကျော်လောက်မှာတော့ အခြားဇာတ်ပို့တွေ သိပ်မပါတော့ဘဲ Narutoနှင့် Sakuraတို့ နှစ်ယောက်ကိုသာ အသားပေးထားတာ တွေ့ရလို့ အချို့ ပရိသတ်တွေကို အားမလို အားမရ ဖြစ်စေနိုင်ပါတယ်။

ငယ်စဉ်ကတည်းက မိဘမဲ့ဘဝနှင့် နေလာရတဲ့ Narutoအနေနှင့် Genjutsu ကမ္ဘာအတွင်းမှာ သူ့မိဘများနှင့် ဆုံတွေ့ရပုံတွေကို ဇာတ်လမ်းဆင်ထားတဲ့ Drama အခန်းတွေကလည်း အခြား Naruto ရုပ်ရှင်များနှင့် ပုံစံကွဲပြားနေမှာပါ။ Naruto Shippuden Movie 6 – Road to Ninjaဟာ မူရင်းဇာတ်လမ်းနှင့် Timeline အနည်းငယ် ကွာဟနေတာက လွဲပြီး ပုံစံကွဲပြားတဲ့ ဇာတ်ကောင်တွေကို သာမက ကောင်းမွန်တဲ့ ဇာတ်လမ်းနှင့် တိုက်ခိုက်ခန်းများပါ ပါဝင်တဲ့ ထွက်ထားသမျှ Naruto ရုပ်ရှင်တွေထဲမှာရော Shounen Action ရုပ်ရှင်တွေထဲမှာပါ အကောင်းဆုံး Animation Movie တစ်ကားအဖြစ် ရပ်တည်နိုင်တာကို မြင်တွေ့ရပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *