Opinion

အချိန်တွေကို ဘယ်လို အသုံးချကြမလဲ

ကျွန်မတို့ မြန်မာလူမျိုး အများစုသည် အမြဲတမ်း အချိန်တွေ ပိုနေကြသူများနှင့် အချိန် မလောက်ကြသူများ ဖြစ်ကြပါသည်။ အများအားဖြင့် ဘာမှသာ မလုပ်ကြတာ အချိန်မရှိဘူး ပြောတတ်ကြလေသည်။ စာဖတ်သူရဲ့ဘ၀ကို ပိုမို ကောင်းမွန်အောင် ပြောင်းလဲဖို့ ကြိုးစားရာမှာ အရေးကြီးဆုံး စည်းမျဉ်းတစ်ခုကတော့ အချိန်ကို စီမံခန့် ခွဲတတ်ခြင်းပါပဲ။

လူ တော်တော်များများဟာ အလုပ် အကိုင်တွေ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ စိတ်ဖိစီး နေကြရပါသည်။ ဒီအခြေအနေထဲကနေ ဘယ်လို ထွက်ရမယ်ဆိုတာလည်း မသိကြ ဘူး။ သူတို့ ပြောင်းလဲနိုင်တဲ့အရာ ဘာမှ မရှိကြဘူးလို့ အများအားဖြင့် ထင်နေကြလေသည်။ ဒါပေမယ့် အဓိက ပြဿနာဟာ အချိန် မလောက်ငှ ခြင်းကြောင့်လို့ စိတ်ပညာရှင်
တွေက ဆိုထားပါသေးသည်။ တကယ်လို့ စာဖတ်သူရော အချိန်မလောက်တဲ့ထဲမှာ ပါ၀င်နေပါသလား။ ဒါဆိုရင်တော့ အချိန်တွေ ကန့်သတ်ပြီး လုပ်ဆောင် ကြမယ်ဆိုရင်ဖြင့် ဘယ်လို အချိန်တွေ ပိုထွက်လာနိုင်မလဲ စဉ်းစားဖူးပါသလား။ ဒါဆို တစ်ခါလောက် စဉ်းစား ကြည့်ရအောင်။

ပထမဆုံးအနေဖြင့် စာဖတ်သူ ကိုယ်တိုင် ပြောင်းလဲချင်စိတ် ရှိရပါမယ်။ အပြောင်း အလဲတွေလုပ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ စာဖတ်သူရဲ့အချိန်ကို ထိထိရော
က်ရောက် စီမံခန့်ခွဲတတ်ခြင်းပါပဲ။ အချိန် စီမံခန့်ခွဲမှုဆိုတာကတော့ ဘယ်ကိစ္စတွေက အရေးကြီးတယ်၊ ဘယ်ကိစ္စတွေက အရေးမကြီးဘူး ဆိုတာကို ခွဲခြားတတ်တဲ့ စွမ်းရည် တစ်မျိုး ပါပဲ။ ဆိုလိုတာကတော့ ဘယ်ကိစ္စတွေကို အရင်လုပ်ရမယ်၊ ဘယ်ဟာကိုတော့ နောက်မှ လုပ်ရ မယ်ဆိုတာ ခွဲခြား တတ်ရမယ်ပေါ့။ ဒါပေမယ့် အချိန် စီမံ ခန့်ခွဲမှု (Time Management)ကို အသုံး မပြုခင်မှာ စာဖတ်သူ လုပ်ရမယ့် အရာတချို့ ရှိပါသည်။ အဲဒါတွေ စာဖတ်သူရဲ့ အားထုတ်မှုတွေဟာ အရာထင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စာဖတ်သူရဲ့ အချိန်ကို ထိထိ ရောက်ရောက် စီမံ ခန့်ခွဲနိုင်မယ့် နည်းလမ်းများ သတ်မှတ် ကြည့်ကြမယ်။

အရင်ဆုံး စာရင်းများ ပြုလုပ် ထားရပါမည်။ ပြုလုပ်ဆောင်ရွက်မည့် အရေးကြီးသည်များကို ရေးသား မှတ်သား ထားရပါမည်။ စာဖတ်သူ လုပ်စရာ မှန်သမျှကို အစီအစဉ် ဆွဲထားပါ။ ပြီးတော့ အဲဒါတွေကို စာရွက်ပေါ်မှာ ချရေးပါ။ ကျွန်မကတော့ အပျင်းထူလို့ စိတ်နဲ့ မှတ်သားထားတာတွေလည်း လုပ်လေ့ရှိပါသည်။ အခုနောက်ပိုင်း ကွန်ပျူတာ အသုံးပြုသူများလာတော့ Word ဖိုင်၊ ဒါမှမဟုတ် NotePad နဲ့လည်း ရေးမှတ်ထားနိုင်ပါသည်။

နောက်တစ်ချက်က အမြဲတမ်း စာဖတ်သူ ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် အားပေးပါ။ စာဖတ်သူရဲ့ စာရင်းထဲက အလုပ် တစ်ခုကို လုပ်ပြီးတိုင်း အဲဒီအလုပ်အတွက် သင့်ကိုယ် သင် ဆုချီးမြှင့်ပါ။ လမ်းထွက် လျှောက်တာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် စာဖတ်သူ လုပ်ချင်တာ တစ်ခုခုကို လုပ်လိုက်ပါ။ အလုပ် လုပ်ပြီးတိုင်း ခဏတာ အနား
ယူသင့်ပါသည်။ အမြဲတမ်းကြီးတော့ မဟုတ်ဘူးပေါ့။ နို့မို့ဆို အလုပ် တစ်ခု ပြီးတိုင်း အပန်းဖြေနေတာနဲ့ အချိန်ကပိုမလောက်ပဲ ဖြစ်နေဦးမည်။ ကျွန်မတို့ရဲ့ ဦးနှောက် အလုပ်
လုပ်နိုင်ခြေသည် တစ်ကြိမ်မှာ အလုပ်ကိစ္စ တစ်ခုကိုပဲ အာရုံစိုက်မယ်ဆိုရင် ပိုပြီး ထိထိ ရောက်ရောက် စွမ်းဆောင်နိုင်ပါသည်။ ဆိုလိုတာကတော့ တစ်ပြိုင်နက်တည်း အလုပ်တွေ အများကြီး လုပ်လေ၊ စွမ်းဆောင်ရည် ကျဆင်းလေပါပဲ။

နောက်တစ်ချက်ကတော့ အလုပ်တွေကို အချိန် မဆိုင်းပါနဲ့။ အရေးကြီးဆုံး အလုပ်တွေကို ပထမဆုံး ရွေးချယ်ပြီး မြောက်အောင် လုပ်ဆောင်ပါ။ ဒါကတော့ ရိုးရှင်းပါတယ်။ အချိန်ဆွဲခြင်းဟာ ကျွန်မတို့အတွက် အဓိက ရန်သူပါပဲ။ အလုပ်တစ်ခုကို ရွေ့ဆိုင်းခြင်းကြောင့့် နောက်အလုပ် တစ်ခုက ထပ်မံ ပို လာနိုင်ပါသည်။ အလုပ် လုပ်မည့် ကိစ္စတိုင်း အတွက် နောက်ဆုံးအချိန်ကို သတ်မှတ်ထားပါ။ စာဖတ်သူရဲ့ လုပ်စရာ ကိစ္စတိုင်းအတွက် နောက်ဆုံး ပြီးရမယ့် ရက်တွေကို သတ်မှတ်ထားမယ်ဆိုရင် အချိန်တွေ အများကြီး သက်သာတာကို အသေအချာ တွေ့ရပါလိမ့်မယ်။

လူတော်တော်များများက အလုပ်တွေ အများကြီးကို လုပ်ကြသည်။ အရာရာတိုင်းကို လုပ်နိုင်ဖို့ ကြိုးစား ကြပေမယ့် ရလဒ်ကတော့ အမြဲတမ်း အနှုတ်လက္ခဏာပြနေတာ
ပါပဲ။ ဒါကြောင့် တစ်ချိန်တည်းမှာ အလုပ်တွေ အများကြီး လုပ်မယ်ဆိုရင် စာဖတ်သူ မောပန်းလာပါလိမ့်မယ်။ တစ်ခု ပြီးမှ တစ်ခု လုပ်ဆောင်တာ အကောင်းဆုံး ပါပဲ။

စာဖတ်သူရဲ့ အတွေးတွေ အားလုံးကို ချရေးနိုင်မယ့် ဒိုင်ယာရီကို စတင်ပါ။ ဒိုင်ယာရီထဲမှာ အစီအစဉ်တွေ ပြုလုပ်နိုင် သလို အဲဒါတွေကို ပုံဖော်ကြည့်နိုင်ပါသည်။ အဲဒါအပြင် စာဖတ်သူရဲ့ ရလဒ်တွေကိုပါ မှတ်သားထားနိုင်ပါသေးသည်။ တိုတို ပြောရရင် စာအုပ်မှတ်တမ်းရဲ့ အကူအညီနဲ့ စာဖတ်သူ ကိုယ်တိုင် ဆန်းစစ် နိုင်ပါလိမ့်မည်။ စာဖတ်သူ
အနေဖြင့် အမြဲတမ်း အပင်ပန်း မခံပါနဲ့။ မောပန်း နွမ်းနယ်တဲ့အထိ အလုပ်ကို သိမ်းကျုံး မလုပ်ပါနဲ့လို့ ပြောချင်ပါသည်။ အားအင် ကုန်ခန်းတဲ့အထိ အလုပ်လုပ်ခြင်းဖြင့်
အောင်မြင်မှုကို မရယူနိုင်ပါဘူး။ စာဖတ် သူရဲ့ အလုပ်တွေ၊ တာ၀န်တွေနဲ့ ပင်ပန်း လာပြီဆိုရင် ရလဒ်ကောင်းတွေကို မရ နိုင်ပါဘူး။

ဒါ့အပြင် စာဖတ်သူရဲ့အချိန်ကို ဖြုန်းတီးသလိုတောင် ဖြစ်နေပါလိမ့်မည်။ ဒါကြောင့် စာဖတ်သူကိုယ်တိုင် မပင်ပန်းအောင် ဂရုစို်က်ပါ။ အလုပ်တွေ တစ်ခုပြီး တစ်ခု ဆက်တိုက် လုပ်မနေဘဲ အနားယူတတ်ပါစေ။ စာဖတ်သူရဲ့ အချိန်တွေထဲမှာ အနားယူချိန်ကိုလည်း ထည့်သွင်း စဉ်းစားထားဖို့ လိုအပ်ပါသည်။ ဒါမှသာ အလုပ်ကို ရေရှည် အကျိုးရှိစွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ ပုံမှန်အားဖြင့် တစ်ပတ် အလုပ် လုပ်ခြင်းကို ၆ ရက် သတ်မှတ်ထားပြီး အနားယူရက်ကို တစ်ရက် ပေးထားသင့်ပါသည်။ ဦးနှောက် အတွက် အနားယူချိန်တွင်လည်း ပြည့်ပြည့် ၀၀ အနားယူဖို့ အထူး လိုအပ်လှပါသည်။

အချိန်ကို စီမံခန့်ခွဲတတ်ရင် ရည်မှန်းချက်တွေ အောင်မြင်ဖို့ အခွင့်အလမ်းတွေ ပိုရလာပါလိမ့်မည် ဖြစ်ကြောင်း ပြောရင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ပြီး အောင်မြင်သော သူများ ဖြစ်ကြစေဖို့ ရည်ရွယ် ရေးသားလိုက်ရပါတော့သည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *