Gaming

Ride To Hell

Ride-to-hell

ဂိမ်းတွေကတော့ အစုံထွက်နေပါတယ်။ ကျွန်တော်တို့ဆီမှာလဲ အရင်တုန်းကလို ထွက်လာတဲ့ ဂိမ်းအခွေတွေကို အချိန်ကြာကြာ စောင့်စရာ မလိုတော့ပါဘူး။ ထွက်ပြီဆိုတာနဲ့ ရက်ပိုင်းလောက်ဆို ဆော့လို့ရနေပါပြီ။ အခုလတ်တလော ထွက်ထားတဲ့ ဂိမ်းတွေဖြစ်တဲ့ Bioshockတို့ Assassin’s Creedလို့ ဂိမ်းတွေ ဆော့နေတဲ့ ဂိမ်းသမားတွေအတွက် ၁၉၆၀လောက်မှာ ဆော့ရမယ့် ဂိမ်းအကြောင်းလေး Preview လုပ်ပေးချင်ပါတယ်။ ဒီဂိမ်းလေးက ခေတ်လွန် ဂိမ်းတွေလို လက်နက်တွေ ဆန်းပြီး ခပ်ကြမ်းကြမ်း ဆော့ရမယ့် ဂိမ်းမျိူး မဟုတ်ပါဘူး။ ၁၉၆၀လောက်က ဆိုင်ကယ် အကြီးကြီးတွေ စီးတဲ့ လမ်းသရဲကြီးတွေကြားမှာ ဖြစ်ခဲ့တဲ့ ပြဿနာလေးတွေကို ဇာတ်လမ်းဖွဲ့ပြီး ဂိမ်းအဖြစ် ဖန်တီးထားတာပါ။ ဂိမ်းကို ဆော့ရုံတင် မဟုတ်ဘဲ အဲ့ဒီခေတ်ရဲ့ ဆိုင်ကယ်စီး လမ်းသရဲကြီးတွေရဲ့ Cultureတွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်း ဖန်တီးပေးတဲ့သူက Developer (Eutechnyx) ဖြစ်ပါတယ်။ ထုတ်ပေးတဲ့သူက Dead Island ဂိမ်းကောင်းတွေ ထုတ်တဲ့ Deep Silverပါပဲ ဖြစ်ပါတယ်။ သူ့ဆီက ထွက်လာတဲ့ ဂိမ်းတွေက ကောင်းနေတော့ Ride to Hell: Retributionလည်း ဂိမ်းကောင်းတစ်ခုဆိုတာ သေချာနေပါပြီ။

၁၉၆၀လောက်က လမ်းတွေပေါ်မှာ ကြီးစိုးနေကြတဲ့ လမ်းသရဲတွေကြောင့် အတိတ်က ရန်ကြေွးကို ပြန်ဆပ်ရမယ့် လူတစ်ယောက် ပြဿနာတွေ အများကြီးနဲ့ ခရီးနှင်လာပါတယ်။ Jake Conwayက Ride to Hellရဲ့ ဇာတ်လိုက်တစ်ယောက်ပါ။ သူက ရှိခဲ့ဖူးတဲ့ ရန်ကြေွးတွေကို ပြန်ဆပ်ဖို့အတွက် လမ်းသရဲတွေ သောင်းကျန်းနေတဲ့ မြို့လေးကို ပြန်ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာပဲ သူရဲ့ ရန်ကြေွးတွေကို လိုက်ဆပ်ပါတော့တယ်။ အုပ်စုလိုက် ဆိုင်ကယ်တွေ စီးပြီး သောင်းကျန်းနေကြတဲ့ Rockerကြီးတွေကို တစ်ကိုယ်တော် ပွဲကြမ်းရမယ့် ပုံစံမျိူး ဆော့ရမှာပါ။ ဇာတ်ကားတွေထဲမှာ ပါတဲ့ လမ်းသရဲကြီးတွေထက် ပိုပြီးကြမ်းတဲ့ Street အထာတွေ တွေ့ရဦးမှာပါ။ ဂိမ်းရဲ့ ဇာတ်လမ်းကို ရုပ်ရှင်ဆန်ဆန် Intro ၀င်ပေးထားပြီး ခပ်ကြမ်းကြမ်း မဟုတ်ဘဲ မြို့တစ်ခုလုံးကို ပတ်ပြီး ကစားရတဲ့အတွက် ဒီဂိမ်းလေးက ဆော့နေရင်း ငြီးငွေ့စရာတော့ မရှိတာ သေချာပါတယ်။ မြေပုံမှာပါတဲ့အတိုင်း ဆိုင်ကယ်စီးပြီး လမ်းသရဲတွေကို လိုက်ရှာရမှာပါ။ တွေ့တာနဲ့ ဘာမှမမေးနဲ့ သူနိုင် ကိုယ်နိုင် တိုက်ခိုက်ရတော့မှာပါပဲ။ လက်နက်တွေက အကောင်းစားတွေတော့ မဟုတ်ဘူး။ တွေ့ရာ နီးစပ်ရာနဲ့ တိုက်ခိုက်နိုင်ပါတယ်။

ဆိုင်ကယ်စီးပြီး လမ်းသရဲတွေနဲ့ တွေ့တဲ့အချိန်မှာတောင် ဆိုင်ကယ်ပေါ်ကနေ တိုက်ခိုက်ရဦးမှာပါ။ သေနတ်လည်း ကိုင်ရမှာပါ။ တိုက်ခိုက်ရမှာက လမ်းသရဲတွေ ဖြစ်တဲ့အတွက် သူတို့ ကျက်စားနေတဲ့ ကလပ်တွေ၊ ရပ်ကွက်ထဲတွေကိုပါ ၀င်ပြီး တိုက်ခိုက်ရဦးမှာ။ ဒီလိုမျိူး ဂိမ်းတွေကို ကစားကြည့်တဲ့အခါ Feel တစ်ခုရတဲ့အပြင် အဲ့ဒီခေတ်တုန်းက လူတွေရဲ့ အတွေးခေါ်တွေ Cultureတွေပါ တွေ့ရနိုင်ပါတယ်။ ဒါကြောင့် ဆိုင်ကယ် စီးရင်း လမ်းသရဲတွေကို ဘယ်လို တိုက်ခိုက်မလဲဆိုတာ June လထဲမှာ ပြင်ဆင်ထားဖို့လိုပြီ ဖြစ်ကြောင်း Ride to Hell: Retribution ဂိမ်းအကြောင်းလေး ပြောပြလိုက်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *